Part 2

2.2K 45 0
                                    

ဒေါက်ဒေါက်

'မမလေး'

သူမ တံခါးခေါက်သံကြောင့် သွားဖွင့်ပေးလိုက်တော့ကလေးမလေးတစ်ယောက်

'မမလေး နိုးပြီလား မနက်စာစားရအောင်ဆင်းလာခဲ့ပါတဲ့'

'ဟို မမလေးလို့မခေါ်ပါနဲ့လားဟင် နာမည်ပဲခေါ်ပါ ဂျီယွန်းပေါ့'

'ဟုတ်ဟုတ် ဒါဆိုအားမနာတော့ဘူးနော် ဂျီယွန်းလေး'

နာမည်နောက်မှ 'ဂျီယွန်းလေး' ဆိုပြီးခေါ်တာကြောင့်သူမပြုံးမိလိုက်သည်

သူမအောက်ဆင်းလာတော့ တီတီတို့က စားပွဲတွင်ဝင်ထိုင်နေပြီဖြစ်သည်

'ဂျီယွန်းလေးနိုးပြီလား လာထိုင်'

'ဟုတ် တီတီ သမီးအိပ်ရာထနောက်ကျသွားတယ် နောက်မဖြစ်စေရပါဘူး'

'အိုကွယ် မလိုပါဘူး ခရီးပန်းလာတာကို'

'ဒေါ်ကြီး သားကိုသွားခေါ်လေ'

'ဟုတ်ကဲ့'

'အကိုလေး မေမေကြီးက မနက်စာစားဖို့ဆင်းလာခိုင်းလို့ပါ'

'အာ....မစားတော့.....နေအုံး ဟိုကလေးမနိုးပြီလား'

'ဟုတ် နိုးပါပြီအောက်မှာပါ'

'Ok လာခဲ့မယ်'

တစ်မျိုးမထင်နဲ့ စချင်လို့

သူအောက်ဆင်းလာတော့ မာမီတို့နဲ့ရီရီမောမောစကားပြောနေတဲ့သူမကိုတွေ့လိုက်ရသည်

အင်း ရီရင်ပိုလှတာပဲ......
ချီးကျူးနေတာမဟုတ်ဘူး တစ်မျိုးမထင်နဲ့

သူမတီတီတို့နဲ့စကားပြောနေရင်း ညအိပ်ဝတ်နဲ့ဆင်းလာတဲ့သူ့ကိုတွေ့လိုက်ရသည်

သူမကြောက်သည် လူကြမ်းကြီးကို
ဒါကြောင့် မော်ပင်မကြည့်ရဲပါ

သူ့ကိုမကြည့်ရဲ ဖြစ်နေသည် တောသူမလေးဘေးတွင်ဝင်ထိုင်လိုက်ပြီး မေးထောက်ကာထိုင်ကြည့်ပေးလိုက်သည်

နိုးနိုးချင်းဆင်းလာပြီး ဂျီယွန်းလေးကိုထိုင်ကြည့်နေတာကြောင့် သူမတို့သားမှဟုတ်ရဲ့လားလို့တွေးမိသည်

'ဟို......ဂျီယွန်းမျက်နှာမှာတစ်ခုခုရှိလို့လားဟင်'

'အင်း '

 A Heart's Enchantment.  Where stories live. Discover now