Part 5

2.2K 28 0
                                    

မိုးလင်းတော့ ညကအကြောင်းတွေးမိကာ အပူဟပ်နေရသည်

ဘေးကလူကိုကြည့်လိုက်တော့သူမကိုဖက်ကာအိပ်ပျော်နေသည်

သူမလဲ မနှိုးချင်တာနဲ့ ဖက်ထားသောလက်ကိုအသာဖယ်ကာ ရေချိုးပြင်ဆင်ပြီးအောက်သို့ဆင်းလာလိုက်သည်

ဂျောင်ကုနိုးလာတော့ ဘေးကိုစမ်းကြည့်တော့ အရိပ်​လေးကိုမတွေ့ရသဖြင့် မျက်ခုံးတို့တွန့်ကျိုးသွားရသည်

တစ်ညလုံးနှီနှောခဲ့...... မဟုတ်ဘူး တစ်နေ့လုံးနီပါးနှီးနှောခဲ့သော ထိုပိစိလေးကို မိုးလင်းမျက်လုံးပွင့်တာနှင့်မြင်ချင်မိသည်......

ဒါတွေကချစ်လို့မဟုတ်ဘူး ပေးစားထားလို့!

သူမ ရေချိုးပြီးအောက်ဆင်းကာ ဒေါ်ကြီးနဲ့ဝိုင်းကူလုပ်နေလိုက်သည်

'ဒေါ်ကြီး သမီးလုပ်ပါမယ်'

'ရပါတယ်ကွယ် ဒေါ်ကြီးအလုပ်ပဲကို '

'ကူပေးမယ်နော်ဒေါ်ကြီး'

'ဒါဆိုအကိုလေးအတွက် ကော်ဖီလေး ဖျော်ပေးနော်'

'ဟို..... သူကဘယ်လိုအရသာကိုကြိုက်တာလဲဒေါ်ကြီး'

'သကြားမထည့်နဲ့ ခါးသက်သက်လေးကိုကြိုက်တယ် ဂျီယွန်းလေး'

'ဟုတ်ဟုတ် ဒေါ်ကြီး'

သူမ ကော်ဖီဖျော်နေတုန်း အောက်ကိုဆင်းလာတဲ့မောင်ကိုမြင်တော့ ရှက်မိတာကြောင့်အကြည့်လွှဲမိသည်

ဆင်းလာထဲက သူ့ကိုအကြည့်ချင်းမဆုံသော သူကြောင့် စိတ်ထဲဘဝင်မကျ

'ဂျွန်ဂျီယွန်း!'

'ဟင် ခနလေးနော် ကော်ဖီရတော့မယ်'

'အင်း'

'ရပြီ'

သူမ ကော်ဖီခွက်ချပေးသော်လည်း အခုထိဘာမှမစားပဲ ph ပဲ ကြည့်နေတာကြောင့် သူမ မှာဘာမှမစားရဲ.......

'ဟို.....'

'အင်း'

'မစားဘူးလားဟင်'

'မင်းစားချင်စားလေ'

'ဟုတ် စားမယ်နော်'

သူမလဲ ဗိုက်ဆာနေတာကြောင့် ယူစားလိုက်တော့သည်

 A Heart's Enchantment.  Where stories live. Discover now