Part 11

1.3K 35 2
                                    

ဆယ်ဗြော မမဂျီယွန်းအိမ်မှာနေတာ သုံးရက်ရှိပြီဖြစ်သည်

မမဂျီယွန်းက ဖေဖေတို့ကိုအကျိုးအကြောင်းပြောပြသည်မို့ အစကအိမ်ကစိတ်ဆိုးသော်လည်း ကိုယ်ကဒီရောက်နေပြီဖြစ်တာမို့ ဘာမှလုပ်လို့မရပေ

နောက်ရက်ကြ ငွေလွှဲပေးပါမယ် အိမ်ဝယ်နေပါဟုဆိုတာကြောင့် သူမ ငွေအလွှဲကိုသာစောင့်နေလိုက်သည်

မမ မေဘယ်လ်နှင့်လဲ အခုထိစကားမပြောဖြစ်ပေ

ထို့ကြောင့်သူမကပဲစကားစရန် ph ခေါ်လိုက်သည်

'ဟယ်လို'

'မမ မေဘယ်လ်လားဟင်'

'အာ....ဟုတ်တယ်ကလေး ဘာဖြစ်လို့လဲ'

'မှတ် မှတ်မိတာလားဟင်'

'မှတ်မိတာပေါ့ရှင် ဘာကိစ္စရှိလို့လဲ မမ ဘာကူပေးရမလဲ'

'ဟင့်အင်း မရှိပါဘူး.........'

သူမ ပြောစရာမရှိဖြစ်နေပြီးမှ တစ်ခုခုကိုသွားသတိရသည်

'မမ'

'အင်းကလေး'

'ဟိုနောက်ရက်ကြရင်လေ ဖေဖေတို့ကငွေပို့ပေးမယ်ပြောတယ် အဲ့တာ လိုက်ထုတ်ပေးပါလားဟင်'

'အာ.....ရတာပေါ့'

'ဟို ...... လမ်းတွေမသိလို့ပါမမ'

'ရပါတယ်ရှင် လိုတာရှိပြောပါ CEO ရဲ့မိန်းမ ညီမကလဲ ကိုယ့်ညီမပဲပေါ့'

'ဟုတ်......'

'ဒါပဲနော်ကလေး'

'ဟုတ်မမ'

ဟူး..........

သက်ပြင်းအရှည်ကြီးချလိုက်မိသည်
ဘာ ကိုယ့်ညီမလဲ ဒီကညီမမဖြစ်ချင်ပါဘူးဆိုဟွန့်......

............................................................

'အဟမ်း ဂျွန်ဂျီယွန်း '

'ဟင် မောင်'

'လာအုံး'

'ဟုတ်'

'ဟိုကလေးမ ဘယ်တော့အိမ်ရှာမှာလဲ'

'အယ် ရှာနေတာတဲ့ အခုထိအဆင်မပြေလို့ပါမောင်'

'ကျစ် ကြာလိုက်တာကွာ'

'ဘာလို့လဲဟင်'

'လွတ်လွတ်လပ်လပ်မနေရဘူးကွာ အဲ့ကလေးနဲ့'

 A Heart's Enchantment.  Where stories live. Discover now