Part 13

1.4K 28 0
                                    

ဆယ်ဗြောက အိမ်အသစ်ကိုပြောင်းမှာမို့ အထုပ်အပိုးနှင့်ဆင်းလာပြီး သူမကိုလာဖက်သည်

'ဒီအတောအတွင်းမှာ သမီးကိုမငြီးမငြူပဲ ခေါ်ထားပေးလို့ မမဂျီယွန်းကိုကျေးဇူးတင်ပါတယ်နော်'

ဆယ်ဗြောက ရက်ရှည်မတွေ့ရတော့မည့်သူလိုမျက်ရည်လေးဝိုင်းကာပြောလာသည်မို့ ဂျီယွန်းပါဝမ်းနည်းလာကာ မျက်ရည်ဝဲလာရသည်

အေး! အဲ့တာတွေမကြိုက်တာ ဟိုကသနားတတ်ပါတယ်ဆို ဒရမ်မာလာချိုးပြနေလိုက်

ဒီကောင်က အလှလေးမျက်နှာပျက်တာတောင်ခံနိုင်သူမဟုတ်ဘူး အခုလိုမျက်ရည်ဝဲဖို့မပြောနဲ့

ဟွန့် အိပ်ရာထဲမှာတော့ မျက်ရည်ဝဲနေတာလေးကိုသဘောကျတယ်.......

သူ့အတွေးနဲ့သူမို့ ဂျောင်ကုတစ်ယောက် စိတ်ထဲက 'ဟက်' ခနဲ ရယ်မိလိုက်သည်က အပြင်မှာပါအကျိုးသက်ရောက်စေမည် မထင်ခဲ့

အပြင်မှာပါရီလိုက်မိတာလား?

'ဟို အကိုကြီး သူများသွားရတော့မှာမို့ ပျော်မြူးနေတာများ ရယ်သံတောင်ဟန်မတောင်နိုင်ပဲထွက်လာတယ်'

'အေး ပျော်တာမှ အကြီးအကျယ်ပဲ'

'သိတယ်သိတယ် ဒါနဲ့မမ မေဘယ်လ်ရော'

'ခနနေ လာလိမ့်မယ်'

'ဟုတ်'

မမေဘယ်လ်ရောက်လာပြီး ဆယ်ဗြောလဲ သူနေရမဲ့အိမ်သို့ထွက်သွားတော့သည်ကား ပြုံးရွှင်လို့ပင်

သဘောကျတဲ့သူနဲ့တစ်အိမ်ထဲအတူနေရမှာ ဘယ်သူမပျော်ပဲနေမလဲ လူတွေရယ်........

.......................................

'မမမေဘယ်လ်'

'အွန်း ပြောလေ ကလေး'

ကလေး? ဒီမကြီး သူ့ကိုကလေးလို့ခေါ်တိုင်းရင်ဘတ်ထဲကသံစုံတီးဝိုင်းက နားညီးအောင်ကိုထွက်လာတာ ရင်ဘတ်ထဲကအကောင်ကလဲ တစ်ဒုတ်ဒုတ်ရယ်

'ဘာလို့ ကလေးလို့ခေါ်တာလဲဟင် သမီးက ကလေးရုပ်ပေါက်နေလို့လား'

'ဟက်! ကလေးရုပ်လေးမို့ပဲလေ အမထက်အများကြီးငယ်တာကိုး'

'ဟွန်း........တော်ပြီ သွားနားတော့မယ်'

 A Heart's Enchantment.  Where stories live. Discover now