Part 15

1.4K 23 0
                                    

ခပ်နွေးနွေးအထိအတွေ့လေးတစ်ခုမျက်နှာပေါ်ကျလာသည်မို့ မိုးလင်းနေပြီဖြစ်သည်ဟုသူမသိလိုက်သည်

တစ်ဆက်တည်းမနေ့ညကအကြောင်းတွေပြန်တွေးမိတော့ မောင့်အားဘယ်လိုပင်ကြည့်ရမည်ပင်မသိတော့ချေ

ရင်ခွင်ကျယ်ကြီးထဲရောက်နေသည်မို့ အနည်းငယ်ခေါင်းမော့ကြည့်လိုက်သည့်အခါ
မောင့်ရဲ့မျက်နှာခပ်ချောချောကိုတွေ့လိုက်ရသည်မို့ သူမနှစ်သက်စွာပြုံးမိသေးသည်

ထို့နောက် မောင့်ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကိုကြည့်ကာ လက်ညိုးလေးနဲ့ထိလိုက်တို့လိုက်လုပ်နေမိသည်

............

ရင်ခွင်ထဲကပိစိလေးကအလှုပ်အရွဖြစ်လာတာမို့ နိုးနေမှန်းသိလိုက်သည်
ကိုယ့်မျက်နှာကိုထိလိုက်တို့လိုက်နဲ့ဆော့ကစားနဲ့အကောင်ပေါက်ကို မြင်ချင်တာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့
ဆက်ခနဲတွန့်သွားတဲ့လက်လေးရယ်

သူလန့်သွားပါတယ်ဆိုတဲ့ပုံလေးနဲ့ မျက်လုံးလေးကလယ်ကာကြည့်သည်မို့ အသည်းယားလာတာကြောင့် ရွှတ်ခနဲ ပါးပြင်ကိုအနမ်းခြွေလိုက်သည်

'မောင်ကဆော့လို့ကောင်းလား'

'မ မဟုတ်ပါဘူး '

'စီးလို့ရောကောင်းလား'

'ဟင်'

'မနေ့ညကလေ......မင်းပဲမောင့်ပေါ်......'

'မောင်...မောင် ဘာတွေပြောနေတာလဲ'

'အဟက်!'

'ထတော့မယ်'

'ထနိုင်လို့လား'

မောင်ပြောတော့မှသတိရမိသည် သူမဘယ်ထနိုင်မလဲ
ဒါပေမဲ့လဲရှက်စိတ်ကမွှန်နေသည်မို့

'ထ....ထနိုင်တယ်'

မောင်က 'ရရင်ထလေ' ဆိုတဲ့သဘောနဲ့ မေးဆတ်ပြသည်

'အ့.....'

ဆတ်ခနဲ ဒူးအောက်ကနေ ပွေ့ချီခံလိုက်ရတာကြောင့် သူမရဲ့လက်တွေကမောင့်ရဲ့လည်ဂုတ်ပေါ်အသင့်တွယ်ထားပြီးသား

....................................

'မောင်တို့ ဒီမနက်အပြင်မှာပဲစားရအောင်လေ'

 A Heart's Enchantment.  Where stories live. Discover now