Part 22 (Final)

619 18 7
                                    

မေဘယ်လ် မိုချီလေးရဲ့အိမ်ကနေ ထွက်လာတာတစ်လပြည့်ခဲ့ပြီ

တစ်လအတွင်းမှာလဲ အလူးအလဲပါပဲ

သူမထင်တာက ဝေးသွားခဲ့ရင် ခံစားချက်တွေပြေပျက်သွားမယ်ထင်ခဲ့တာ.....

ပိုလွမ်းလာတယ် အနားမှာနေချင်တယ်
မိုချီလေးရဲ့အပြုံးလေးတွေ ပေါတောတောစရိုက်လေးတွေကအစအကုန်လွမ်းသည်

မိန်းကလေးချင်းမို့ဆိုတဲ့အသိစိတ်နဲ့ သူမစိတ်ကိုသူမထိန်းချုပ်ကာအဝေးကိုထွက်ခွာမိသည်

ဘယ်လိုလိုက်ရှာရမလဲ........
ရှာလို့တွေ့ခဲ့ရင်ရော ပြန်လက်ခံပါ့မလား

သူမရဲ့မိုချီလုံးလေးက အရင်လိုချစ်သေးရဲ့လား......

အတွေးတွေကို မိုးနတ်မင်းကဖြတ်တောက်စေချင်ပုံပေါ်သည်.......

ဝေါခနဲရွာချလာတဲ့မိုးကြောင့် သူမအမြန်ထီးကိုဖွင့်ကာ စတိုးဆိုင်ကိုသွားလိုက်သည်

ဘုတ်......

'အ့....... နာလိုက်တာ ချီးပဲ ထီးကိုအပေါ်မြှောက်လေစိုကုန်ပြီအခုတော့'

'အာ....မီယားနဲ အဆင်ပြေရဲ့လား'

ထိုကောင်မလေးက အပေါ်ကိုမော့မကြည့်ပဲသူမရဲ့စိုနေသောအဝတ်တို့ကိုခါချကာ ပွစိပွစိပြောသည်

သေချာကြည့်ရင်မိုချီလေးနဲ့တူသည်

'အမတောင်းပန်ပါတယ် အင်္ကျီပြန်ဝယ်ပေးပါမယ်'

'အာ.....ရတယ်နောက်သာ.........ဟင်!'

'မိုချီလေး'

'အာ....လူမှားနေတာထင်တယ် အင်္ကျီလဲ ပြန်လျော်မနေပါနဲ့'

ထွက်သွားတော့မည်ပြုနေတဲ့ကလေးမကိုသူမအမြန်လှမ်းဆွဲကာတားလိုက်သည်

ဒီတစ်ကြိမ်တော့ လက်မလွှတ်တော့ပါဘူး........

ကိုယ်တကယ်မင်းနဲ့မခွဲနိုင်ဘူးကလေးမရယ်........

'နေ....နေပါအုံး မမကိုမမှတ်မိဘူးလား'

'မှတ်မိပါတယ် ငြင်းလိုက်တဲ့အမကြီးလေ'

သူမရဲ့အဖြေကြောင့် ဟက်ခနဲရယ်ချမိသည်

ဒီကလေးမအရင်လိုပဲစိတ်ထဲရှိတာကိုချပြောတုန်း

 A Heart's Enchantment.  Where stories live. Discover now