Part 6

1.8K 30 0
                                    

အလှလေးတဲ့ .......
စိတ်ကူးထဲမှာပေါ်လာတဲ့ Nickname က 'အလှလေး' တဲ့လေ

အလှလေးကသူ့ကို ကာမကိစ္စကြောင့်အတွက်ပဲ စိတ်ဝင်စားတာလားလို့အထင်မခံချင်တာကြောင့် သူအလှလေးအပေါ် ဥပုသ်စောင့်ရမည်

'နိုးပြီလား'

'အင့် ဗိုက်အောင့်တယ်'

'ညကကြမ်းသွားလို့ထင်တယ် မောင်ကြည့်စမ်းမယ်'

'ဟင် မောင်.....'

'မရှက်နဲ့တော့ကွာ လင်ယူပြီးလို့ကလေးတောင်ထွက်တော့မယ်'

'မောင်က ဒဲ့ကြီးပြောပြောချတာ အဟင့်'

'ဒီ​နေ့မေမေတို့လာမယ်ထင်တယ် ခုနကph ဆက်တယ်'

'ဟိုမောင်'

'မေမေတို့လာမှာလေ'

'အင်း ဘာဖြစ်လဲ'

'အင်္ကျီက..... '

ဟုတ်သားပဲ သူအလှလေးကို သူ့ shirt တွေပဲဝတ်ခိုင်းထားတာကြာပြီဖြစ်သည်

'အင်းမှာပေးမယ် ခနစောင့်'

'ဟုတ်'

'ပတ်ဆယ်ဂျွန်း ငါ့ကို မိန်းကလေးဝတ်တစ်စုံပို့ပေးအုံး.. အင်း လုံလုံခြုံခြုံဖြစ်တာလေး'

'မောင်'

'အင်း မောင့်အလှလေး'

'ဟင်'

'ပြောကွာ ကြာတယ်'

'ဟို......ချစ်လားဟင်?'

သူမအရဲစွန့်ကာမေးလိုက်ခြင်းဖြစ်သည်
မောင်ကသူမအပေါ်စိတ်ရှိမလားဆိုတာသိချင်သည် အ​ခြေအနေတွေအရပေါ့

'အင်း မချစ်သေးဘူး'

'ဟင် မချစ်သေးဘူးကဘာလဲဟင်'

'သဘောကျတယ် မချစ်သေးဘူး'

အတော်အတန်ကြာတွေးနေပြီးမှ အလှလေးကနားလည်ဟန်ရှိသည်

ထို့နောက်ဘာစကားမှထပ်မပြောဖြစ်ကြပဲ ရေချိုးပြင်ဆင်ပြီး မောင့်မေမေတို့လာမည်ကိုပြင်ဆင်ရင်းစောင့်နေလိုက်သည်

'အလှလေး'

'ဟင် ဂျီယွန်းကိုခေါ်တာလား'

'အင်း မနေ့ညမင်းကိုလုပ်ကထဲက အလှလေးဆိုပြီးငြီးပြီးလုပ်ခဲ့တာလေ မင်းကိုမခေါ်လို့ဘယ်သရဲကိုသွားခေါ်ရမလဲ'

 A Heart's Enchantment.  Where stories live. Discover now