Part 16

2K 36 5
                                    

'ဟယ်လို အဖေ့ ပြောလေ'

'ဆယ်ဗြော နင်ဘာတွေလျှောက်လုပ်နေတာတုန်း'

'ဘာလုပ်လို့တုန်းအဖေရဲ့'

'နင်လုပ်တာနင်သိလေ'

'မသိလို့မေးတာလဲ ဘာမှမလုပ်ထားဘူးလေ'

'နင်အခြောက်လား အာ....မဟုတ်ပါဘူး ဘောပြားလား.....အော်အဲ့တာလဲမဟုတ်ပြန်ဘူး'

'ကဲအဖေရယ် အခြောက်လဲမဟုတ်ဘူး ဘောလဲမပြားဘူး'

'ဒါဖြင့် ဘာကိစ္စနဲ့များ မိန်းမတစ်ယောက်ကိုချစ်ရသတုန်း'

'ချစ်တာပဲအဖေရယ် ဘာကြီးဖြစ်ဖြစ်ပေါ့'

'ပတ်ဝန်းကျင်ကိုမကြည့်ဘူးလား'

'ကြည့်စရာလား သူတို့ကထမင်းကျွေးတာကြလို့ အဖေတို့လဲဂရုစိုက်မနေနဲ့'

'ငါ့ဆရာလာလုပ်မနေနဲ့ဆယ်ဗြော နင်တို့တွဲနေကြတာမဟုတ်တာသိတယ် ဟိုဘက်ကလဲစိတ်မဝင်စားဘူးမလား လွန်မလာခင်ရပ်လိုက်'

'မလုပ်ချင်ပါဘူး အစကထဲကဒါမျိုးပါလို့အဖေတို့ကိုပြောပြီးသား'

'ဟာ အဲ့တုန်းကငါတို့ကစနေတယ်ထင်တာလေ '

'စ စရာလား မသိဘူးအဖေရာ'

'ဘာ.....နင်'

'ပြောအုံးမယ် သူများမိဘတွေများ ကိုယ့်သားသမီးကိုယောကျ်ားမယူစေချင်ကြတာ အဖေတို့ကဘယ်လောက်ကံကောင်းလိုက်လဲ မိန်းမယူပေးတဲ့သမီးရတာ'

'ဆက်လုပ်နေမယ်ဆိုရင် နင့်ကိုအမွေဖြတ်မယ်'

'ဖြတ် ဖြတ် ဒါပဲ'

...............

တစ်ဖက်မှ တီခနဲ ဖုန်းချသွားတာကြောင့် ဆယ်ဗြောအဖေခမျာ တောက်ခ် တစ်ခေါက်ခေါက်နဲ့ပင်.....

ဒီလိုသာဆို မေကြီးနဲ့တိုင်ပင်ရတော့မယ်

..............................

'အလှလေး'

'ဟင် မောင်'

'ညကြ dinner တစ်ခုရှိတယ် လိုက်ခဲ့လေ'

'ဟင် လိုက်လို့ရလား'

'ဟား......ရတာပေါ့ကွ'

'ဟုတ်ကဲ့'

'မောင် မေဘယ်လ်ကို dress ပို့ခိုင်းထားတယ် ခနနေရောက်မယ်ထင်တယ် ပြင်ဆင်ထားနော်'

 A Heart's Enchantment.  Where stories live. Discover now