Part 193

807 75 0
                                    

အခန်း (၁၉၃)

အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်လေးတွေကို မွေးဖွားမယ်

ဒီစကားတွေက ရူးသွပ် ရယ်မောနေကြသည့် ပရိသတ်တွေအပေါ် သက်ရောက်မှု မရှိတာ သနားစရာပါပဲ။

[ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့တာက သိပ်မပြင်းထန်ဘူး။ ငါတို့ နားလည်တယ်၊ ငါတို့နားလည်တယ်။]

[ငါတို့ သိပေမယ့် ငါတို့ နှုတ်ဆိတ် နေပါ့မယ်။ ဒီအကြောင်းအရာက လူသိရှင်ကြား ဆွေးနွေးဖို့ မသင့်လျော်ဘူး။ နောက်တစ်ခု...]

[ဒီကားကို ကြည့်လိုက်၊ ခပ်ကြီးကြီးနဲ့ အဝါရောင်လေး၊ မြန်မြန် မောင်းသွားတယ်။ လုံးဝမဆိုးဘူး...]

စုယန်ယန် "..." သူတို့တွေက သူမစကားကို လုံးဝ နားမထောင်ဘူးလို့ ထင်ရတယ်။

စုယန်ယန်သည် သူမက ဒီစကားဝိုင်းကို တိုးမဖောက် နိုင်တာကို မြင်လိုက်ရတော့ ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ဒီအကြောင်းကို ဆက်မပြောတော့ပေ။ သူမသည် ဒုတိယစွပ်ပြုတ် အကြောင်းကို ဆက်လက် ရှင်းပြခဲ့သည်။

သူမ၏ ကိုယ်ကျင့် သိက္ခာကို ဖန်သားပြင်ပေါ်ရှိ တပ်ဖွဲ့က နောက်ဆုံးတော့ အမြစ်ဖြတ် သုတ်သင်ခဲ့သည်။

စုယန်ယန်သည် ပထမစွပ်ပြုတ် အကြောင်းကို ရှင်းပြသည့် အခါမှာ အနည်းငယ် ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့သော်လည်း ဒုတိယစွပ်ပြုတ် အကြောင်းကို စတင် ပြောဆိုသည့် အခါ လူတွေရဲ့ အတွေးအမြင်တွေကို ဂရုမစိုက်တော့ဘူး။

"ဒါကတော့ စမြိတ်သိုးကလေး ဂျင်းစွပ်ပြုတ်ပါ။ စမြိတ်က သွေးကို အာဟာရ ဖြည့်တင်းပေးပြီး ကိုယ်တွင်း အနှစ်သာရကို ထိန်းညှိ ပေးပါတယ်။ သိုးကလေး အသားဟာ ကျောက်ကပ်ကို အာဟာရ ဖြည့်တင်း ပေးပြီး ဂျင်းကတော့ အအေးမိခြင်းကို သက်သာ စေနိုင်ပါတယ်။ ကျောက်ကပ် ယန်ချို့တဲ့မှု အပေါ် အကျိုးသက်ရောက်မှု အထူးကောင်းမွန်ပါတယ်"

[ကျောက်ကပ် ယန်ချို့တဲ့တာ အတွက်လား။ ငါ အနံ့တစ်ခု ရလိုက်သလိုပဲ...]

[ငါလည်း ရလိုက်တယ်...]

[ငါရောပဲ...]

တစ်စုံတစ်ခုကို အဓိပ္ပါယ် သက်ရောက်နေသော မက်ဆေ့ချ် အများအပြားဟာ ဖန်သားပြင်ပေါ် လွှမ်းမိုး ထားခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Where stories live. Discover now