Part 246

748 67 0
                                    

အခန်း (၂၄၆)

အရမ်း ပေါက်ကွဲနေတယ်

ဒီနေ့ ဟောက်ချန်ဟွမ်း ဝတ်ဆင်လာသည့် အဝတ်အစားတွေမှာ ကြယ်သီးလုံးဝ မပါခဲ့ပေ။

ဟောက်ချန်ဟွမ်းသည် ဒီနေ့မှာ သူ ဝတ်နေကျ လယ်သာ ရှူးဖိနပ်ကို မဝတ်ဆင်ထားပေ။ သူက စုယန်ယန် လက်ဆောင် ပေးထားသော ပဝါနှင့် လိုက်ဖက်ညီအောင် ဝတ်ဆင်ထားသည်။ သူ ဝတ်နေကျ စတိုင်အစား ပုံမှန် ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုးကို ဝတ်ဆင်ထားသည်။

ဒီအချက်ကြောင့် သူ တစ်ခုခု အပြောခံရတာ အသေအချာပါပဲ။ သူ၏ မိုက်မဲလှတဲ့ ဇနီးသည်၏၏ မုသားစကားကို ဘယ်လို ဖုံးကွယ်ပေးရမှန်း သူ မသိတော့ဘူး။

ချိန်ကျွင်းဟောက်က သူ ပထမဆုံး စဝင်လာတုန်းက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အရမ်း တုန်လှုပ် နှင့်ပြီးပြီ။ အခု စုယန်ယန်က သူ့ကို လိမ်လည်ခဲ့တာကိုပါ သိလိုက်ရတော့ သူက ခါးသီးစွာ ပြောလိုက်မိသည်။

"ယန်ယန်၊ မင်း ဒီကောင်လေးနဲ့ မင်းရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ဖို့ မင်းဦးလေးကိုတောင် လိမ်ခဲ့တယ်ပေါ့။ မင်း မင်းဦးလေးကို လိမ်ပြောခဲ့တာလား။ မင်း အရင်တုန်းက ဒီလိုမျိုး မဟုတ်ပါဘူး"

ချိန်ကျွင်းဟောက် ဒီလို ပြောလိုက်သည့် အချိန်မှာ သူက ဟောက်ချန်ဟွမ်းကို စူးစူးရဲရဲ စိုက်ကြည့် နေခဲ့သည်။ သူ့အကြည့်တွေက ပြောနေသည်မှာ "ငါတို့မိသားစုရဲ့ ရိုးသား၊ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးလေးကို လမ်းလွဲသွားစေတာ မင်းအပြစ်ပဲ"

ဟောက်ချန်ဟွမ်းသည် သူ့ဆီသို့ ပျံသန်းလာသည့် ယင်မည်း ရိုင်းအုပ်လိုက်ကြီးကို ကြည့်ရင်း ပြောစရာစကား ပျောက်ရှနေသည်။

"အန်ကယ်လေး၊ အန်ကယ်လေး ချဲ့ကားပြောဆိုရာ ရောက်နေပါပြီ။ ချန်ဟွမ်းနဲ့ သမီးက စုံတွဲတွေလေ။ သမီးတို့ မတွေ့ဖြစ်တာ ကြာပြီ။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်ဖို့ အရမ်းရှားတယ်။ အိမ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးနီးစပ်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။ အခြားတစ်ဖက်မှာလည်း အန်ကယ်လေးက သမီးတို့ အသိမပေးပဲ ဘယ်လိုလုပ်ပြီး ဝင်လာရတာလဲ။ အန်ကယ်လေး သမီးတို့ကို ခြောက်လှန့် လိုက်တာပဲ"

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Donde viven las historias. Descúbrelo ahora