Part 252

712 73 2
                                    

အခန်း (၂၅၂)

- ကံဆိုးခြင်း

ကြီးကြပ်ရေးမှုးရဲ့ ခန္ဓာကိုယ်ဟာ တောင့်တင်းသွားသည်။ ဟောက်ချန်ဟွမ်းတစ်ယောက် ပျော်နေလား မပျော်ဘူးလား ဆိုတာကို သူ မပြောနိုင်ပေ။

ကျည်ဆံကို ကိုက်ဖို့ကလွဲလို့ သူ့မှာ အခြားရွေးချယ်စရာ မရှိဘူး။

"ဒီထိုးထားတာက အကုန်လှတယ်။ ဒီလည်စည်းပဝါကို ကြည့်ရတာ အရမ်း အဖိုးတန်မယ်ပုံပေါ်ပြီး နူးညံ့ပျော့ပျောင်းမယ့်ပုံပဲ။ ဒီလည်စည်း ပဝါလေးကို ပတ်ထားရင် လည်ပင်းကို အရမ်း နွေးထွေးစေမှာ သေချာတယ်။ ဒါ့အပြင် ဒီလည်စည်းပဝါရဲ့ ပုံစံက အရမ်း... အဟွတ်၊ ရှုပ်ထွေးတယ်။ ဒီလည်စည်းပဝါကို ထိုးတဲ့သူက အများကြီး အားထုတ်ကြိုးပမ်းပြီး စိတ်ရှည်လက်ရှည် ထိုးပေးထားပုံရတယ်"

ထိုသို့ သူ ပြောလိုက်သည်နှင့် ကျိုးယန်နှင့် အခြားသူတွေက သူ့ကို လက်မ ထောင်ပြသွားချင်ကြသည်။

လည်စည်းပဝါကို ချီးကျူးတာနဲ့တင် လုံလောက်ပေမယ့် သူက လည်စည်းပဝါထိုးတဲ့ သူကိုတောင် ချီးကျူးလိုက်သေးတယ်။ သူက ခေါင်ကို ပစ်လိုက်တာပဲ။ ဘယ်လောက်တောင် အရည်အချင်း ရှိလိုက်သလဲ။

ကျိုးယန်ပိုင်နှင့် အခြားသူများ မသိခဲ့တာက ဒီလူက အမှန်တကယ် ခေါင်ထိမှန်သွားအောင် ပစ်လိုက်တာ မဟုတ်တာပါပင်။ သူ လည်စည်းပဝါကို ဘယ်လို ချီးကျူးရမှန်း မသိတော့တာကြောင့် လည်စည်းပဝါ ထိုးသည့်သူကို ချီးကျူးဖို့ တခြား နည်းလမ်းကို ရှာဖွေလိုက်ခြင်း ဖြစ်သည်။

သိသာ ထင်ရှားစွာပင် သူက အနိုင်ရမယ့်ဖက်မှာ လောင်းကြေး ထပ်မိခဲ့သည်။

သူ ပြောတာကို ကြားလိုက်ရသည့် နောက်တွင် ဘစ်ဘော့စ်၏မျက်နှာအမူအရာ ရုတ်တရက် ပျော့ပျောင်းသွားတာကို အစည်းအဝေး တက်ရောက်လာသူ အားလုံး သိသာထင်ရှားစွာ ခံစားလိုက်ရသည်။

"???" ဘစ်ဘော့စ်၏ အမူအရာ ပြောင်းလဲ သွားစေလောက်သည့်အထိ ဒီလည်စည်းပဝါနှင့် ပတ်သက်သည့် လျှို့ဝှက်ဆန်းကြယ်သည့် အရာက ဘာပါလဲ။

"နောက်တစ်ခါ ဒီလို ထပ်မဖြစ်စေနဲ့။ နောက်နှစ်အတွက် အာမခံချက်တစ်ခုနဲ့ အကျဉ်းချုပ် အစီရင်ခံစာကို ရေးပြီး တင်ပြပါ။ နောက်နှစ်မှာလည်း ဒီလို ဆုံးရှုံးမှုတွေရှိရင်..." ဟောက်ချန်ဟွမ်းက သူ့ကို တစ်ချက်ကြည့်ရင်း "ကုမ္ပဏီက ပျင်းရိသူတွေကို မထောက်ပံ့ဘူး"

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Donde viven las historias. Descúbrelo ahora