Part 270

488 50 1
                                    

အခန်း (၂၇၀)

ဟော့ပေါ့အခြေခံဟင်းရည်

ပြုတ်ထားသော စွပ်ပြုတ်ရည်၏ အရသာသည် ငရုတ်သီးထက် သိသိသာသာ လျော့ပါးသော်လည်း အနံ့ကတော့ ငရုတ်သီးထက် မနိမ့်ကျပေ။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းက အရသာပြင်းတာကို ကြိုက်နှစ်သက်ပြီး ငရုတ်သီးကိုလည်း အလွန်အကျွံ မကျွေးသင့်ကြောင်းကို ထည့်သွင်း စဉ်းစားမိသောကြောင့် သူမသည် ဒီစွပ်ပြုတ်ဟင်းရည်ကို မြည်းစမ်းကြည့်ခိုင်းဖို့ ချက်ပြုတ်ခဲ့တာ ဖြစ်သည်။

ထို့အပြင် ဒီစွပ်ပြုတ်ဟင်းရည်ကို သေသေချာချာ ထိန်းသိမ်းနိုင်ပါက အကြိမ်ပေါင်း များစွာ ချက်ပြုတ် စားသောက်နိုင်သည်။ သူ့ကို အချိန်ကြာကြာ ပိုချက်ပြုတ်နိုင်လေလေ ပိုမွှေးလာလေလေပါပဲ။

သင် စားလိုသော ပါဝင်ပစ္စည်းများကို ထည့်သွင်းပြီး အရသာရှိတဲ့ ဟင်းအိုးကြီး တစ်အိုးကို မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်မှာပဲ ဖြစ်သည်။ ဒါက အရမ်းအဆင်ပြေသည်။

လင်းရှောင်ချီးရဲ့ အသံကို ကြားလိုက် ရသောအခါတွင် စုယန်ယန်သည် အသားများကို စွပ်ပြုတ်ရည်အိုးထဲသို့ ထည့်သွင်းနေချိန်တွင် ဖြစ်သည်။ "ယန်ယန်၊ နင် ဘာချက်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက် မွှေးကြိုင်နေရတာလဲ"

[ဟမ်... မိန်းကလေး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတာလား။ တင်ဆက်သူရဲ့ အစ်မလား။]

"သူမက ကျွန်မ သူငယ်ချင်းပါ။ ဒီနေ့ ကျွန်မ ဟင်းလျာတွေ အများကြီး ချက်ပြုတ်မှာဆိုတော့ ကျွန်မသူငယ်ချင်း ကူညီချက်ပြုတ်ပေးဖို့ အကူအညီ တောင်းထားတာ"

မျှော်လင့်ထားသည့် အတိုင်း သူမနှင့် သူငယ်ချင်းဖြစ်ရန် တောင်းဆိုသည့် မှတ်ချက်များကို ရရှိခဲ့သည်။ သူတို့သည် အရင်က စုယန်ယန်၏ လျှို့ဝှက်ဆန်းကြယ်သော ခင်ပွန်းကို မနာလိုဖြစ်ကြသည်။ အခုတော့ အဲ့ဒီအစား သူမ၏ သူငယ်ချင်းတွေကို မနာလို ဖြစ်မိကြသည်။

ရံဖန်ရံခါ ဆိုသလို အခမဲ့ စားသောက်နိုင်တဲ့ ဒီလို အချက်အပြုတ် လက်ရာကောင်းတဲ့ သူငယ်ချင်း တစ်ယောက် ရှိရတာ မကောင်းဘူးလား။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Where stories live. Discover now