Part 285

339 42 0
                                    

အခန်း (၂၈၅) – လွှမ်းမိုးချုပ်ကိုင်သော ဥက္ကဌ၏ ဇနီးလေး

ဟောက်ချန်ဟွမ်းတစ်ယောက် ဒေါသထွက်သည်မှာ အလွန်ရှားသည်။ လေထုသည် ချက်ချင်းပင် အေးခဲသွားကာ အဆုံးမှာတော့ ဦးလေးကျန်းသည် တိတ်ဆိတ်နေသည့် အခြေအနေကို အရင်ချိုးဖျက်လိုက်နိုင်သူ ဖြစ်သည်။

"သင်္ဘောဆိပ်က ပေးပို့လာတဲ့ သတင်းအရ၊ သူတို့နှစ်ဦးက သင်္ဘောထဲကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ခိုးဝင်လာခဲ့ပြီး မစ်စတာယုကို ကျွန်းပေါ်မှ ခေါ်ထုတ်သွားစဥ်မှာ သူတို့က ပြေးဝင်လာနိုင်ခဲ့တာ..."

စုယန်ယန်ဟာ အံ့အားသင့်သွားပြီး "ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ" လို့ ဆိုမိသည်။

"သေချာပေါက် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ သူတို့က အဲ့ဒီနေရာမှာ အစောကြီးကတည်းက စောင့်ဆိုင်းနေတာ ဖြစ်လိမ့်မယ်"

စုယန်ယန်သည် နားလည်သဘောပေါက်သွားဟန် ခေါင်းညိတ်လိုက်သည်။ "ယုကျစ်ယန်ရော ဘယ်လိုနေလဲ။ သူက ကျွန်းပေါ်ကနေ အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့လား၊ ဒါမှမဟုတ်..."

"အဲ့ဒီနောက်မှာ မစ်စတာယုကို ဆေးပြဖို့ ကျွန်းကနေ စေလွှတ်လိုက်ပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ"

"ဒါပေမယ့် သူတို့နှစ်ယောက်က အတင်းဝင်လာတော့ မြင်ကွင်းက နည်းနည်း ဖရိုဖရဲ ဖြစ်သွားတယ်။ မစ်စတာယုက ဒီကနေ ဒဏ်ရာရသွားခဲ့ပြီး ဟိုမှာ တွန်းချခံရပြီးတဲ့နောက်မှာ... သူ့ဒဏ်ရာတွေက အခြေအနေ ပိုဆိုးသွားတာကြောင့် သူလည်း သေချာပေါက် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအချို့ ခံစားခဲ့ရပုံပါပဲ"

"ဖူး..." ဦးလေးကျန်းရဲ့ ပြောစကား ဆုံးသွားတာနဲ့ ကုရှောက်ယန်နှင့် ဦးလေးကျန်းတို့ဟာ မညှာမတာ ရယ်မောလိုက်မိကြသည်။

စုယန်ယန်ဟာ ပြောစရာစကား ပျောက်ရှသွားသည်။ ယုကျစ်ယန်ဟာ တကယ် သနားဖို့ကောင်းကြောင်း သူမ ဝန်ခံရပေမည်။

ဟောက်ချန်ဟွမ်းသည် ဖြစ်ပျက်သမျှ အလုံးစုံကို ကြားသိရပြီးနောက် သူ့အသွင်ဟာ အနည်းငယ် ပိုကောင်းလာသည်။ သူက စုယန်ယန်ရဲ့ လက်ကို ကိုင်ထားပြီး "ကိုယ် ဒီတစ်ကြိမ် စီစဥ်တာ အမှားအယွင်း ဖြစ်သွားခဲ့တယ်။ နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး" လို့ တောင်းပန်စကားဆိုသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Donde viven las historias. Descúbrelo ahora