Part 275

417 49 2
                                    

အခန်း (၂၇၅)

တစ်ပါးသူ အပြစ်အတွက် အပြစ်ဒဏ်သင့်သွားသူ သွမ်းသွမ်းလေး

"ဖူး..."

ယုကျစ်ယန်၏ မျက်နှာပေါ်ရှိ အမူအရာမှာ မထွေးနိုင် မအန်နိုင် ဖြစ်နေတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ကု‌ရှောက်ယန်နှင့် ကျန်သူများက သူ့မျက်နှာကိုကြည့်ပြီး ဟက်ဟက်ပက်ပက် မရယ်မောပဲ မနေနိုင်ကြတော့ပေ။

သူတို့၏ ရယ်သံကို ကြားတော့ ယုကျစ်ယန်သည် ပို၍ပင် အရှက်ကွဲသွားသလို ခံစားရပြီး ဒေါသထွက် သွားသည်။

ကံကောင်း ထောက်မစွာဖြင့် သူတို့နှစ်ဦးသား လှောင်ရယ် ရယ်နေကြသော်လည်း သူတို့ဟာ ယုကျစ်ယန်အတွက် ကူညီဖြေရှင်း ပေးခဲ့သေးသည်။

"သခင်မလေး၊ ကျစ်ယန်က မိန်းကလေးလင်းအပေါ် အသားယူဖို့ မရည်ရွယ်ပါဘူး။ သူက သခင်မလေးရဲ့ ဟင်းလျာတွေကို အရမ်းစားချင်နေလို့ပါ"

"... ရှင် ကျွန်မရဲ့ အစားအသောက်တွေကို စားချင်ရင် ဝင်စားပါလား။ ရှင့်ကို မစားခိုင်းလောက်တဲ့အထိ ကျွန်မက အရမ်း တွန့်တိုနေတာမှ မဟုတ်ပဲနဲ့"

"ဒီမနက် ကျွန်တော် အမှား လုပ်ခဲ့မိလို့။ သခင်လေးနဲ့ သခင်မလေး ကျွန်တော့်ကို အပြစ်တင်မှာ စိုးရိမ်နေလို့ပါ"

"မနက်တုန်းကလား" စုယန်ယန် ရုတ်တရက် အမှတ်ရသွားသည်။ "မနက်က အဖြစ်အပျက်ကို ရှင် ပြောနေတာလား။ ကျွန်မတို့ နှစ်ယောက်လုံး အဲ့တာကို မေ့လုနီးပါး ဖြစ်နေကြပြီ၊ ဒါပေမယ့် ရှင်က မှတ်မိသေးတယ်လား။ ဒါပေမယ့် အဲ့တာက ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး၊ ဒါ့ကြောင့် အရမ်း စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်မတို့နှစ်ယောက်က ရှင့်ကို စားလိမ့်မယ်လို့ ရှင် ထင်နေတာလား"

ယုကျစ်ယန်၏ ကိုယ်ပိုင်အတွေးတွင် 'မင်းက ကျွန်တော့်ကို မစားနိုင်ပါဘူး၊ ဒါပေမယ့် မင်းက ကျွန်တော့်ကို ဒုက္ခပေးနိုင်တယ်လေ'

အထူးသဖြင့် သခင်လေး၊ သူ၏ ရန်လိုတတ်သည့် စရိုက်ဖြင့် ဒီရက် အနည်းငယ်အတွင်း သူ့အတွက် ကံကောင်းဖို့ မဖြစ်နိုင်ပေ။

ယုကျစ်ယန်၏ အတွေးတွေကို ဖတ်မိသွားသည့် စုယန်ယန်က ဟောက်ချန်ဟွမ်းကို "ချန်ဟွမ်း၊ ရှင်ရော ကျွန်မနဲ့ အတွေးတူတယ်မလား" လို့ လှမ်းမေးလိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Where stories live. Discover now