Part 243

716 74 0
                                    

အခန်း (၂၄၃)

ကျွန်မ ရှင့်ကို အဖော်ပြုပေးမယ်

စုယန်ယန်သည် လန်ကျားယီ၏ ကျိုးကြောင်း ဆီလျော်ပြီး ဖြောင့်မှန်သော အလိုလို သိစိတ်ကြောင့် ခဏတာ ထိတ်လန့် သွားသည်။

ခဏကြာတော့ သူမက ရယ်မောလိုက်ပြီး "ရှင် သူမကို ရှာဖို့ ဒီလောက် အလျင်လိုနေတာ။ ရှင် သူမကို ပြောစရာ ရှိလို့လား"

"ရပါတယ်၊ ကျွန်တော်က သူမကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်စကား ပြောချင်ရုံပါပဲ"

"သူမကို ကျေးဇူးတင်ချင်တာလား" စုယန်ယန် မျက်မှောင်ကြုတ် သွားသည်။

"သူမကို ဘာအတွက် ကျေးဇူးတင်ချင်တာလဲ"

"ဆေးဖက်ဝင် ဟင်းလျာနဲ့ ဟောသွန်းကြောင့် ကျေးဇူးတင်ချင်တာပါ။ အဲ့ဒီ အရာတွေကြောင့် ကျွန်တော့် အဘွားရဲ့ အစာ စားချင်စိတ် တိုးလာခဲ့တယ်။ ကျွန်တော်တို့ တစ်မိသားစုလုံး သူမကို အရမ်း ကျေးဇူးတင်နေတာ"

"ဟောသွန်းလား။ ရှင်က..." စုယန်ယန်က သူ ဘယ်သူလဲ ဆိုတာ မမှတ်မိခင် တစ်ခဏတာမျှ ကြက်သေ သေသွားခဲ့သည်။

သူမသည် ဟောသွန်းကို ယခင်က လူတစ်ဦးတည်းကိုသာ ပေးခဲ့ဖူးသည်။ တိုက်ရိုက် ထုတ်လွှင့်နေချိန် အတွင်း သူမ၏ ဆေးဖက်ဝင် ဟင်းလျာကို ပထမဆုံး တောင်းခံခဲ့ဖူးသူ ဖြစ်သည်။ ထို့နောက် သူမသည် ဟောသွန်း ကောင်လေးကို အကူအညီ ပေးခဲ့ဖူးသည်။

သူ၏ အိုင်ဒီနာမည်ကို အခြေခံပြီး တစ်ဖက်လူက ရေပန်းစား မကျော်ကြား လောက်သည့် လူငယ်တစ်ဦးလို့ သူမ ထင်ခဲ့သည်။ သူမသည် သူ့ကို လက်တွေ့ဘဝတွင် ဒီလောက် ကြည့်ကောင်း နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့ရာတွင် သူက နည်းနည်းတော့... ရင်းနှီးနေသလိုပဲ။

စုယန်ယန်၏ အတွေးများ နေတာကို မြင်တော့ လန်ကျားယီ မျက်တောင် တဖျတ်ဖျတ် ခတ်ပြီး မေးသည်။

"ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတ်ပါဘူး"

လန်ကျားယီက သူမကို သံသယ မဝင်ပဲ သက်ပြင်း ချလိုက်သည်။

"သူမရဲ့ အသွင်အပြင်ကိုလည်း သိချင်ပြီး သူမကိုပါ တကယ် တွေ့ချင်နေတာ"

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Where stories live. Discover now