Part 235

730 73 2
                                    

235 01

အခန်း (၂၃၅)

ပိုင်ရှင်မှာ ရွှေတွင်းတစ်တွင်း ရှိနေတာပဲ

"ဒါက တကယ်ပဲ စားသောက်ဆိုင် တစ်ဆိုင်လား"

ဝမ့်ယန်သည် မရေမတွက်နိုင်သော ပရိသတ်များ၏ နှလုံးသားထဲက အမေးကို နှုတ်ကနေ လွှတ်ခနဲ မေးလိုက်မိသည်။

[ရိုးရိုးသားသား ပြောရရင် ဒီစားသောက်ဆိုင်ရဲ့ မွမ်းမံပြင်ဆင် ထားပုံက... ငါ့ကို ငွေနံ့လေးတွေတောင် ရသွားစေတယ်။]

[လွန်ခဲ့သော နှစ်အနည်းငယ်က ဗိသုကာ ဘွဲ့ရခဲ့တဲ့ ဒီခွေးမှာ ပြောချင်တာ ရှိပါတယ်၊ ယခုအခါမှာ အဆောက်အအုံ အများစုကို ပျက်စီး ယိုယွင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အလူမီနီယမ် ပစ္စည်းတွေကိုသာ အသုံးပြု လာကြတယ်။ ဒီလိုမျိုး သဘာဝစစ်စစ် ပစ္စည်းတွေ ရှိပေမယ့် ဆောက်လုပ်ရေး ကုန်ကျစရိတ်က အရမ်း စျေးကြီးတယ်။ နောက်ဆက်တွဲ ပြုပြင် ထိန်းသိမ်းမှုနှင့် ပြန်လည်ပြင်ဆင်စရိတ်က မနည်းတာကြောင့် ဒီပစ္စည်းတွေကို အသုံးပြုသူ အလွန် နည်းပါးပါတယ်။]

[ဒါ့အပြင်၊ ဒီဆိုင်က ပန်းပုအများစုဟာ သရီးဒီ ပုံနှိပ်စက်ကို အသုံးပြုထားတာ ဖြစ်လိမ့်မယ်။ ဒါကို ‌ရွေးချယ်တာက လက်တွေ့ကျပြီး အသုံးစရိတ်ကို အတော်လေး ချွေတာရာ ရောက်ပါတယ်။ ဒါပေမယ့် ငါ ထင်တာ မမှားဘူးဆိုရင် ဒီစားသောက်ဆိုင်မှာ ရှိတဲ့ ပန်းပုအများစုက လူကိုယ်တိုင် ထွင်းထုထားတာတွေပဲ။ လူအင်အား ဘယ်လောက် လိုအပ်တယ် ဆိုတာကို မပြောရင်တောင် ဆောက်လုပ်ရေး ကုန်ကျစရိတ် တစ်ခုတည်းကတင် သာမန်လူ တစ်ဦးတစ်ယောက်မျှ တတ်နိုင်သည့် ပမာဏမျိုး မဟုတ်ဘူး၊ ဒီစားသောက်ဆိုင်ရဲ့ အပြင်အဆင် တစ်ခုတည်းကို ကြည့်ရုံနဲ့တင်... ဒီဆိုင်ပိုင်ရှင်က ရွှေတွင်း တစ်တွင်းလောက် ပိုင်ဆိုင်ထားတာ ဖြစ်လိမ့်မယ်။]

[အပေါ်ကလူရေ၊ မင်းက အရမ်းတော်တာပဲ။ မင်းပြောတာကို ငါ နားမလည်ပေမယ့် မင်း ပြောတာကို ကြားတာနဲ့ ဒီစားသောက်ဆိုင်ရဲ့ အဆင့်အတန်းက အများကြီး ပိုမြင့်တက်လာတယ်လို့ ခံစားရတယ်။]

[အိုး... ဘုရားရေ၊ ဒီလို ကောက်ချက်အရ၊ ဒီလို စားသောက်ဆိုင်တစ်ဆိုင် ဖန်တီးဖို့ ဘယ်လောက်တောင် ကုန်ကျနိုင်တာလဲ။ အရင်က ဒီစားသောက်ဆိုင် ပိုင်ရှင်မှာ ရွှေတွင်း တစ်တွင်းလောက် ပိုင်ဆိုင်ထားတယ်လို့ ငါ ကြားခဲ့ရတယ်၊ ဒါပေမယ့် ကြည့်ရတာ အဲ့စကားတွေက အမှန်ဖြစ်ပုံရတယ်။]

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Where stories live. Discover now