Part 245

762 78 0
                                    

အခန်း (၂၄၅)

နောက်ထပ် ရူးသွပ်သွားသူတစ်ယောက်

ဟောက်ချန်ဟွမ်းသည် သူမကိုယ်သူမ ရောင်းစားရန် စုယန်ယန်၏"အပြစ်ကင်းစင်ဟန်" ကြိုးပမ်း အားထုတ်မှုကို ကြည့်ရင်း သူ့အကြည့်တွေက နက်ရှိုင်းသွားသည်။ သူ့နှလုံးသား တစ်ခုလုံး ပူလောင်နေပြီး မီးကျွမ်း လုမတတ် ဖြစ်သွားသည်။

"ဒီလိုမျိုး ကြားရတာ ကောင်းတယ်လို့ ထင်ရပေမယ့် ဒါက မင်း လုပ်ချင်သလို လုပ်လို့ရတဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း မဟုတ်ဘူး။ အချဉ်းနှီးသော ကတိစကားတွေက အသုံးမဝင်ဘူး။ ဒါက ဆုံးရှုံးသွားနိုင်တဲ့ သဘောတူညီချက် ဟုတ် မဟုတ် အတည်ပြုဖို့အတွက် မင်း ကိုယ့်ကို အစစ်အမှန် တစ်ခုခုကို ပေးဆောင်ရမယ်"

"အစစ်အမှန်လား" စုယန်ယန်၏ မျက်ခုံးလေးတွေက ပင့်တက်သွားပြီး ပြုံးလိုက်သည်။ သူမက သူ့ပေါ်မှီပြီး သူ့ပါးပြင်ပေါ်သို့ အနမ်းခြွေလိုက်သည်၊ "ရှင်က ဒါကို ရည်ညွှန်းချင်တာလားဟင်"

ဟောက်ချန်ဟွမ်းသည် ဒီကိစ္စအတွက် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုပ်ထားပြီး ဖြစ်သည်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး သူမ မဖယ်ခွာမီ သူမ၏ နှုတ်ခမ်းပေါ်သို့ အနမ်းခြွေ လိုက်သည်။

"အိုး..." စုယန်ယန်၏ မျက်ဝန်းတွေက ကျဉ်းမြောင်း သွားပြီး သူမ မျက်ဝန်းဝယ် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။

တစ်ခဏတာမျှ ကြက်သေ သေသွားပြီးနောက် သူမ ရုတ်တရက် ရုန်းကန်လိုက်သည်၊ "မဟုတ်ဘူး၊ အိုး... ဒါက များလွန်းတယ်"

ဟောက်ချန်ဟွမ်း တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ သူမက သူမ၏ သရုပ်ဆောင်မှုမှာ နစ်မြှုပ်ထားလွန်းတယ်လို့ ဆိုရမလား ဒါမှမဟုတ် သူ့စိတ်ဝိညာဉ်ကို လျော့ပါးသွားအောင် ကြံရွယ်နေတာလား ဆိုတာကို သူ တကယ် မသိတော့ဘူး။

"ဒါက အဆင်ပြေပါတယ်။ ကိုယ် နောက်မှ လုပ်လိုက်မယ်။ မင်းရဲ့ စားသောက်ဆိုင်မှာ ဗွီဗွီအိုင်ပီ ဖောက်သည်တွေအတွက် ကိုယ် လုပ်ပေးမယ်"

စုယန်ယန်သည် ဤမျှ အလွယ်တကူ အရူးလုပ်မခံပေ။ သူမက ဟောက်ချန်ဟွမ်း၏ ပေါင်ပေါ်သို့ ထိုင်ချပြီး စိတ်တိုစွာ ပြောသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Nơi câu chuyện tồn tại. Hãy khám phá bây giờ