Part 224

770 65 0
                                    

အခန်း (၂၂၄)

အကျိုးခံစားခွင့်တွေက သေလောက်တယ်

ဒီစည်းမျဉ်းသည် အလွန် ကတ်သီးကတ်ဖဲ့ နိုင်သည်ဟု ဆိုနိုင်ပေသည်။ သာမန် စားသောက်ဆိုင် တစ်ခုခုက ဒီလို စည်းမျဉ်းမျိုးကို ထုတ်ပြန်ထားရင် ဒီစည်းမျဉ်း တစ်ခုတည်းက စားသုံးသူ ၇၀-၈၀ ရာခိုင်နှုန်းခန့်ကို လျော့ကျသွားစေဖို့ လုံလောက်ပါသည်။

သို့ရာတွင် ဤတိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာတော့ ဒီအကြောင်းအရာကြောင့် စက္ကန့် အနည်းငယ်ခန့် ဗလာ ဖြစ်သွားသော်လည်း ပရိသတ်တွေက မျှော်လင့်ထားသည့် အတိုင်း ဒီစည်းမျဉ်းကို ငြင်းပယ်ခြင်း မရှိပေ။

[ငါသိပါတယ်၊ ငါသိပါတယ်။ အရင်ကလည်း တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့် နေချိန်မှာ ဆေးဖက်ဝင် ဟင်းလျာက အစားအစာကဲ့သို့ အရသာရှိပြီး စားသုံးနိုင်သော်လည်း ဒါက ဆေးဝါးဖြစ်ကြောင်းကို ထပ်ခါတလဲလဲ အလေးပေး ပြောကြား ပေးခဲ့တယ်။ အစားအစာကို ကြိုက်တာကို ကြိုက်သလို စားနိုင်ပေမယ့် ဆေးဝါးကိုတော့ ထင်သလို စားလို့ မရဘူး။ တင်ဆက်သူမှာလည်း ငါတို့အတွက် တာဝန်ခံဖို့ ကိစ္စတွေ ရှိလာလိမ့်မယ်။]

[ဟီးဟီးဟီးဟီး... ငါကတော့ တင်ဆက်သူကို ယုံတယ်။ အရင်က တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ခဲ့တဲ့ အစားအသောက်တွေက အရမ်း အရသာရှိတယ်။ ငါ အားလုံးကို ကြိုက်နှစ်သက်တယ်။ သူတို့ထဲက ဘယ်ဟင်းလျာကိုပဲ စားရပါစေ ငါ နှလုံးသားထဲက ယုံယုံကြည်ကြည်နဲ့ စားလိုက်မိမှာပဲ။ ငါက ပြုစုပျိုးထောင်ရ လွယ်ကူပါတယ်။]

[အဲ့တာနဲ့ ယှဉ်ရင်၊ တင်ဆက်သူရဲ့ စတိုးဆိုင်သစ်မှာ ဆေးဖက်ဝင်တဲ့ ဟင်းလျာက တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ပြသတဲ့ အရာတွေ မဟုတ်မှာပဲ ပိုစိုးရိမ်မိတယ်။ ဆေးဆိုင်နှင့် ပတ်သက်ပြီးတော့ တင်ဆက်သူက နောင်အနာဂတ်မှာ ဖွင့်ဖို့ အစီအစဉ် ရှိသေးရဲ့လား"

စုယန်ယန်က သတင်းကောင်းကို မျှဝေလိုက်သော အခါတွင် လူတိုင်း လက်ခံ အားပေးကြသည်ကို မြင်လိုက် ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ဦးလေး ၂Où les histoires vivent. Découvrez maintenant