Epi💙1💙Zawgyi💙

96 4 0
                                    


အရာရာတိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ကုန်ဈေးနှုန်းများပြောင်းလဲမူကလည်း ထိပ်ဆုံးကပါဝင်သည်။ရန်ကုန်မြို့ကြီးရဲ့ ဈေးတစ်နေရာတွင် ထိုကုန်ဈေးနှုန်းကိစ္စနှင့်ပတ်သက်၍ ငြင်းခုံနေသော ဈေးသည်နှင့်ဝယ်သူ။

"ဒီမှာ အဒေါ် ၊အဒေါ်ဟာက မများလွန်းဘူးလား၊ခရမ်းသီးတစ်လုံးကို သုံးရာတဲ့အံ့ပါ့၊ ပြီးတော့ ခရမ်းသီးက အကြီးဆိုတော်သေး ခုကသေးသေးလေး"

ဝယ်သူဖြစ်ပုံရသည့် မိန်းကလေးမှ ဈေးသည်အဒေါ်နှင့် စကားများနေခြင်း။ထိုမိန်းကလေး ပြောမည်ဆိုလည်းပြောချင်စရာပင် ခရမ်းသီးက သေးသေးလေး၊ဈေးကသုံးရာဆိုတော့..။

"ဟဲ့ ငါကလည်းဈေးရောင်းနေတာ၊အလှူပေးနေတာ မဟုတ်ဘူးမိန်းကလေး တန်တယ်ထင်ရင်ဝယ်သွား၊ မတန်ဘူးထင်ရင် မဝယ်နဲ့"

ဈေးကလည်း လူအတော်စည်တာကြောင့် ဘေးနားကဖြတ်သွားတဲ့ ဈေးဝယ်သူအချို့ရဲ့ တီးတိုးပြောသံတွေလည်းကြားနေရသည်။

ဈေးသည်ရဲ့ စကားအဆုံး ထိုမိန်းကလေးမှ

"ဟွန့်...မစားရရင်နေပါလေ့စေ မဝယ်ဘူးဟေ့ မဝယ်ဘူး"

ဈေးခြင်းတောင်းကိုတစ်ဖက်ကဆွဲ ပိုက်ဆံအိတ်ကိုတစ်ဖက်လက်ရဲ့ချိုင်းကြားညှပ်ကာ ထမိန်ကိုမရင်းလျှောက်လာသောသူမ။

ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်ကာ ဈေးတစ်ပတ်ပတ်နေလေသည်။သူမသာ ခြေလှမ်းကိုညင်ညင်သာသာလျှောက်လှမ်းလာခဲ့မည်ဆိုလျှင် အလွန်လှပသိမ်မွေ့သော ဣတ္ထိယတစ်ဦးဖြစ်မည်မှာ အသေအချာပင်။

သို့သော်လက်တွေ့တွင်ကား...

ထမိန်ကြီးမကာ မျက်နှာကြီးဆူပုတ်ရင်း ဗျစ်တောက်ဗျစ်တောက်ရွတ်ကာ လျှောက်လာပုံမှာ
မိန်းမပျိုလေးလျှောက်လှမ်းလာသည်နှင့် မတူပဲ မုဆိုးမထမိန်ကြီးမကာ ရန်ဖြစ်တော့မည့်ပုံစံဖြစ်နေလေသည်။

သူမသာသိမ်သိမ်မွေ့မွေ့လေးသာဆိုလျှင် ပုရိသအပေါင်းမျက်စိထဲ စွဲနေလောက်သော်ငြားလည်း ယခုတွင်တော့ မြင်သမျှလူအပေါင်းမျက်လုံးကြီးပြူးကာကြည့်သွားလေတော့သည်။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now