Epi💙5💙unicode💙

179 20 0
                                    

မောင့်သခင် ကြင်လှည့်ပါ

သခင်လုပ်စရာရှိသည်များဝိုင်းကူပြီးသည်နှင့် ခြံဝင်းထဲဆင်းကာလိုက်ကြည့်နေမိသည်။နန်းတော်ကြီးသမျှ ခမ်းနားလှသည့်ဤစံအိမ်ကြီးထဲမှာ အလုပ်ရခဲ့သည့်မိမိ့ကိုယ်မိမိပင် မယုံနိုင်ဖြစ်ရသည်။

လျှောက်လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်တွင်နေရာအပြည့်ယူထားသော ပန်းမျိုးစုံ...

ပန်းလေးတွေကိုသဘောကျတတ်သူ သခင့်အဖို့ပန်းလေးတွေနားမှာဝဲပျံနေသည့် လိပ်ပြာလှလှလေးတွေကိုကြည့်ကာကြည်နူးရပြန်သည်။ပန်းလေးတွေဟာ လေတိုက်ခတ်မှုနှင့်အတူ ယိမ်းနွှဲ့နေသလို သခင့်ရဲ့ နဖူးပြင်ထက်ဖြာကျနေသည့် ဆံသားအချို့ဟာလည်း လေတစ်ချက်အတိုက်မှာ လှပစွာကခုန်နေလေသည်။

သိပ်လှသောပန်းခင်းကြီးနှင့် သိပ်လှသည့်ကောင်လေးတစ်ယောက်ဟာ ထိုနေ့တွင်အရာရာတိုင်းထက်လှပနေသယောင်။သခင် အနီရောင်နှင်းဆီပွင့်သေးသေးလေးကိုခူးယူကာ နှုတ်ခမ်းစပ်နားထိတည့်ကာ
မွှေးကြူနေမိသည်။နှင်းဆီရနံ့ မွှေးမွှေးလေးကြောင့် သခင် စိတ်အစဥ်ဟာလည်း ပျော်မြူးလာခဲ့သည်။

"မပိုးရေ....မပိုး.....မပိုးရေ......"

သခင် စုစုရဲ့အသံကြားတာကြောင့် ခူးယူထားသည့်ပန်းလေးကို လက်တွင်ကိုင်ထားရင်း စုစုဆီသို့ပြန်လျှောက်လာခဲ့သည်။စုစုရဲ့ မျက်နှာတွင်ချွေးစအချို့ရှိနေသည်။

"စုစုရေ...သခင်ဒီမှာ....."

သခင်လည်း စုစုအား သူရှိနေကြောင်းသိစေရန် လှမ်းပြောလိုက်သည်။

"ဟု...ဟုတ် မပိုးရေ ဖွားဖွားကြီးကခေါ်ခိုင်းလိုက်လို့ပါ...."

"အင် သွားကြတာပေါ့..."

သခင်လည်း စုစုနောက်ကနေ လိုက်ပါလာခဲ့သည်။ဖွားဖွားရှိရာသို့ရောက်သွားစဥ်

"အော်...မြေးလေးပိုးလာထိုင် စုစုရေ လုပ်စရာရှိတာသွားလုပ်ချေ"

"ဟုတ်ကဲ့ပါ ဖွားဖွားကြီး"

သခင်လည်း စုစုထွက်သွားတော့မှ

"ဖွားဖွားဆီခဏ လာပါအုံးမြေးလေးပိုးရေ"

"ဟုတ် ဖွားဖွား"

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now