Epi💙9💙Unicode💙

167 14 0
                                    

မောင့်သခင် ကြင်လှည့်ပါ

"ဘယ်လိုလဲ...သခင်...လုပ်နိုင်ပါ့မလား"

သခင့်ခမျာ ချာချာလေးကိုပေးထားတဲ့ကတိလေး တည်စေချင်ရာမှ ယခုတော့သူဌေးလေးနှင့် ချစ်သူလုပ်ဖို့ရာအခြေအနေကျရောက်လေတော့သည်။

'ငါလက်မခံရင် ချာချာလေးကိုလည်းမပြောပြနိုင်တော့ဘူး၊ငါမပြောပြနိုင်ရင် ချာချာလေးကသူ့သူငယ်ချင်းလေးနဲ့ အလောင်းအစားကရူံးအုံးမှာ၊
ရူံးလို့ချင်ရင် ချာချာလေးကငိုတော့မှာ...ဟူးးးး
ငါလက်ခံလိုက်ရင်တော့ အကုန်လုံးအဆင်ပြေသွားမှာ...စိတ်ညစ်လိုက်တာနော်...'

သခင့်ခမျာ မည်သို့လုပ်ရမယ်မသိ၊ စဥ်းစားရင်းမျက်ခုံးများပင် စုကြုံ့မိလေတော့သည်။
ဤသည်ကိုမြင်လေသော သူဌေးလေးကလည်း သခင့်အပြုအမူများအားကြည့်ကာ နူးညံ့စွာပြုံးမိလေသည်။

"ဟို.....သ..သခင် လက်ခံပါတယ်"

သခင့်အဖြေကြားသည်နှင့် သူဌေးလေးသည်ရင်ထဲမှာ ကဆုန်ပေါက်ကာ အပျော်ကြီးပျော်နေလေတော့သည်။မျက်လုံးများပင်အရောင်လက်ကာ မျောက်အုန်းသီးရသလိုနှယ်ဝိုင်းစက်စက်နှင့်ပင်။

"ခဏလေး သခင် ၊
မောင် ပြောစရာရှိသေးတယ်
ချစ်သူနှစ်ယောက်ပြုမူတတ်တဲ့ အရာတွေဆိုတာ
တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မှ အဲ့အရာတွေကပိုပြီးအသက်ဝင်မယ်၊နားလည်မယ်လေ"

သူဌေးလေးစကားကို နားထောင်နေသူ သခင်ကတော့ မျက်လုံးဝိုင်းဝိုင်းလေးနှင့်။

"ဟုတ်..."

"အဲ့တော့ မောင်ပြောချင်တာက မောင့်ဘက်က သခင့်အပေါ် ခံစားချက်ရှိသလိုမျိုး သခင်ကလည်းမောင့်အပေါ်ခံစားချက်ရှိစေချင်တယ်၊ဘာလို့ဆို အဲ့တော့မှချစ်သူစုံတွဲအစစ်အမှန်တွေမှာ ပြုမူ၊ပြောဆိုတတ်တာတွေကို ခံစားနိုင်မှာလေ"

သခင် မှာတော့ သူဌေးလေးစကားကြောင့် ကြောင်တောင်တောင်လေး၊
စိတ်ထဲမှလည်း...

'ဟူးးးသခင်ရေ ဘယ်လိုလုပ်မလဲ သူဌေးလေးက နင့်ကို ခံစားချက်အစစ်ရှိစေချင်တယ်တဲ့'

သခင့်ရဲ့ စိတ်ထဲမှာ အော်ဟစ်သောင်းကျန်းနေသော်ငြားလည်း တကယ့်လက်တွေ့တွင်တော့ ခေါင်းလေးငုံ့ကာနေလေရဲ့။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now