Epi💙8💙Unicode💙

156 14 0
                                    

မောင့်သခင် ကြင်လှည့်ပါ

သခင်နှင့်သူဌေးလေး ချာချာလေးကိုကျူရှင်ပို့ပြီးနောက် သခင့်ကိုအိမ်တော်ဆီအရင်ပြန်ပို့ဖို့ရာ သူဌေးလေးကမောင်းနှင်နေလေသည်။ကားမောင်းသူဘေးတွင်တော့ သခင်ကတိတ်ဆိတ်စွာလိုက်ပါလာသည်။
ထိုတိတ်ဆိတ်မူဟာ မိနစ်အနည်းငယ်တွင်ဖြိုခွဲခံလိုက်ရသည်။

"သခင်....."

သူဌေးလေးရဲ့ သြရှရှအသံလှိုင်းလေးဟာ သခင့်နားသို့စိမ့်ခနဲ့ စီးဝင်လာချိန် ကြက်သည်းတွေထကာ ကျောလေးပင်မတ်သွားရသည်။သခင့်နှုတ်ဖျားက စကားလုံးအချို့ဟာ တိုးလျစွာထွက်ပေါ်လာခဲ့သည်။

"ဟုတ်ကဲ့ပါ သူဌေးလေး..."

"ကျွီ......."

သခင့်ရဲ့စကားသံအဆုံးမှာ သူဌေးလေးဟာဘရိတ်ကိုလှမ်းအုပ်လိုက်သည်မို့ နှစ်ယောက်သားခန္ဓာကိုယ်ဟာ အရှေ့သို့အနည်းငယ်ယိုင်ထိုးသွားခဲ့ရသည်။

"သူဌေးလေး ကားကိုဘာဖြစ်လို့ရပ်လိုက်တာလဲ"

သခင် သူဌေးလေးကိုအနည်းငယ်စောင့်ငဲ့ကြည့်ကာ မေးလိုက်လေသည်။

"သခင့် က မောင့်စကားနားမှမထောင်တာ"

သူဌေးလေးစကားကြောင့် သခင်သဘောပေါက်လိုက်ပါပြီ။သူဌေးလေးက သူ မောင်ဟုမခေါ်၍ဤသို့​
ပြုမူခြင်းသာ။

သူဌေးလေးကားကိုမီးပွိုင့်ကြောင်းရပ်လိုက်ခြင်းမဟုတ်သည်မို့ အနောက်ကမောင်းနှင်လာပါသော ကားများရဲ့ ဟွန်းတီးကာဆဲဆိုနေသည့်အသံများကြားနေရသည်။

"သ....သခင် နားထောင်ပါ့မယ် သူဌေးလေး အခုတော့ကားကိုအမြန်မောင်းလိုက်ပါနော် အနောက်မှာကားတွေ...."

"ကားထွက်စေချင်ရင် သခင် မောင့်ကိုမောင်လို့အမြဲခေါ်ပါ့မယ်လို့ကတိပေးရမယ်"

သခင်လည်း သူဌေးလေးပြောသည့်အတိုင်းကတိပေးလိုက်ရသည်။မဟုတ်လျှင် သူဌေးလေးကကားကို မောင်းနှင်မည်မဟုတ်တာကြောင့်။

"သခင်....ကတိပေးတာမို့ သူဌေး....အဲ့လေ မောင် ကားကိုသာအရှေ့ဆက်မောင်းပါနော်"

"Ok အကယ်၍..... "

သူဌေးလေးက စကားပြောနေရင်း သခင့်အနားသို့တိုးကပ်လာသည်မို့ သခင်မှာမျက်လုံးလေးပြူးသွားရသည်။ ရှေ့သိုတရိပ်ရိပ်တိုးလာသော သူဌေးလေးရဲ့ချောမောလှတဲ့မျက်နှာကြောင့် သခင်မှာအနောက်သို့တဖြည်းဖြည်းဆုတ်သွားရသည်။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now