Epi💙6💙unicode💙

178 15 0
                                    

မောင့်သခင် ကြင်လှည့်ပါ

သခင် သူဌေးလေးနှင့်ထမင်းအတူစားပြီးနောက် ထမင်းချိုင့်တွေသိမ်းကာ အချိုပွဲလေးပါ ပြင်ဆင်ပေးရသည်။ဘာလို့ဒီလိုလုပ်နေရသလဲ မမေးလေနှင့်...

"သူဌေးလေး ပန်းသီးစားလို့ရပါပြီ"

"....."

သခင် ပန်းသီးပန်ကန်အားလှမ်းပေးသော်လည်း မယူပဲ မျက်မှောင်ကြုတ်ကာထိုင်နေသော သူဌေးလေးကြောင့် သခင့်မှာ ကြောင်အလျက်။

"သူဌေးလေး ပန်းသီးမစားတော့ဘူးလား"

"....."

သခင့်မှ မေးနေသော်လည်း မောင်ကတော့ မဖြေဘဲ မျက်မှောင်ကြီးသာကြုတ်ထားမြဲ။

"သူဌေးလေးမစားတော့ရင် သခင်သိမ်းလိုက်ပါတော့မယ်"

"......."

မောင် တစ်ခွန်းမျှမဟပေ။ မောင်လိုချင်သည်က
မောင်ဟုခေါ်လာမည့်အသံလေးကိုပင်။

'မပြောဘူး မောင် လို့မခေါ်မချင်း မပြောဘူး'

ပန်းကန်တွေသိမ်းနေသော သခင့်အားတစ်ချက်တစ်ချက်မောင်ခိုးကြည့်နေမိသည်။စိတ်ထဲတွင်လည်း သခင်သာမောင်လို့မခေါ်သရွေ့ သူစကားမပြောဟုဆုံးဖြတ်ထားလေသည်။

"အဲ့တာဆို သခင့်ကိုပြန်ခွင့်ပြုပါအုံး သူဌေးလေး"

"!!!"

မောင့်မှာ အထင်နဲ့အမြင်တပ်တပ်စင်အောင်လွဲသွားသဖြင့် ကြောင်အနေတုန်းမှာပင် သခင်ကအခန်းထဲမှ ထမင်းချိုင့်နှင့်ထွက်ခွာသွားလေပြီဖြစ်သည်။သတိကပ်၍ သခင့်အားလှမ်းတားလေတော့ မမှီတော့ချေ။

"ဟာ....သခင်...သခင့်...ဟာကွာ...ဒီလူက သခင် မောင်လို့ခေါ်တာလေးနားထောင်ချင်လို့လေကွာ..."

ဆိုဖာပေါ်တွင်ထိုင်ကာ ဆိုဖာအားလက်နှင့်ထုရိုက်ကာ မောင်တစ်ယောက်မကျေမချမ်းရေရွတ်လေသည်။

"ကောင်းရောကွာ...ဝေဟင်မောင်ရေ...မင်းရဲ့အကြံတွေအစည်တွေက သခင်နဲ့ကျမှ ပလုန်ဆိုပြီး ရေထဲကျသွားပါရောလား..."

ဆိုဖာပေါ် ပစ်လှဲချရင်း မောင်တစ်ယောက်သက်ပြင်းတွေ အကြိမ်ကြိမ်ချနေမိသည်။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now