Epi💙2💙unicode💙

261 18 0
                                    

မောင့်သခင် ကြင်လှည့်ပါ

ကြီးမားလှတဲ့ စံအိမ်ကြီးတစ်အိမ်ရဲ့ရှေ့တွင် သခင်ခြေစုံရပ်နေမိသည်။သခင်ဆံနွယ်ရှည်လေးတွေက လေအဝေ့မှာမြူးထူးကခုန်နေသယောင်။အပန်းရောင် မြန်မာရင်ဖုံးဝတ်စုံလေးက သခင့်ခန္ဓာကိုယ် သွယ်သွယ်လေးတွေ လှပစွာနေရာယူလျက်ရှိလေတော့သည်။သူငယ်ချင်းမလေးနှစ်ယောက်ရွေးချယ်ပေးထားသော ဝတ်စုံလေးမို့လို့ သခင်အတွက်အဆင်မပြေစရာမရှိပေ။

နဂိုကပင် ချောမောလှပသော သခင့်ပါးပြင်ထက်တွင် သနပ်ခါးအနည်းငယ်လိမ်းကျံထားလေတော့ အလှပေါ်အယဥ်ဆင့်လျက်ရှိသည်။သခင့်ရဲ့ မျက်လုံး၊မျက်တောင်၊နှုတ်ခမ်းဖူးဖူးလေးများကလည်း အရောင်တောက်နေသည်မှာ မျက်စိပင်ကျိမ်းလောက်သည်။အနက်ရောင် ကတ္တီပါဖိနပ်လေးကလည်း သခင့်ခြေဖဝါးနုနုလေးအား အနာတရမဖြစ်စေရန်ကာကွယ်ပေးနေလေသည်။

သခင် လိုအပ်သည့်စာရွက်စာတမ်းအချို့ကို ဘယ်ဘက်လက်နှင့်ကိုင်ထားသည်။သခင် လွယ်နေကျအိတ်ကလေးကလည်းမပါမဖြစ်။အိတ်ကလေးထဲ
ဖုန်းလေးတစ်လုံးရယ် ပိုက်ဆံအနည်းငယ်သာပါသည်။

"ဟူးးးးးသခင်...စိတ်လျော့ ငါလုပ်နိုင်မှာပါ ဖိုက်တင်း"

မျက်လုံးလေးမှိတ်ကာ လေပူလေးတစ်ချက်မှုတ်ထုတ်ရင်း သခင့် ကိုယ့်ကိုယ်ကို အားပေးနေမိသည်။
ပါးဖောင်းဖောင်းလေးများ ရွေ့လျားသွားတိုင်း သခင့်အမူအရာလေးက ချစ်ဖို့ကောင်းနေတော့သည်။

ဖွင့်ထားတဲ့ တံခါးမကြီးကိုကျော်ဖြတ်ကာ အနည်းငယ်လှမ်းလှသည့် စံအိမ်ကြီးဆီရောက်ဖို့ သခင်လျှောက်လှမ်းလာခဲ့သည်။လျှောက်လှမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ပန်းမျိုးစုံကလည်းနေရာယူလျက်။ ပန်းလေးတွေနားမှာ ပျံဝဲနေသည့် လိပ်ပြာရောင်စုံလေးများကိုကြည့်ရင်း သခင်ကြည်နူးမိသည်။

"အားးးးးးကယ်ကြပါ သားကိုတစ်ယောက်လောက်လာကယ်ကြပါ"

ရုတ်တရက် အသံတစ်ခုကြားလိုက်ရတာကြောင့် သခင်ခြေလှမ်းတွေက ထိုအသံပိုင်ရှင်ရှိနေလောက်မည့်နေရာအား လှမ်းမိသွားသည်။လျှောက်လမ်းနှင့် မနီးမဝေး သရက်ပင်လေးတစ်ခုတွင် အကိုင်းလေးအား တွဲခိုထားလေသောကလေးတစ်ယောက်။အပင်ပေါ်က ပြုတ်ကျခါနီး အကိုင်းကိုလမ်းဆွဲထားသည်ထင်။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Onde histórias criam vida. Descubra agora