Epi💙10💙Unicode💙

158 14 0
                                    

မောင့်သခင် ကြင်လှည့်ပါ

ထိုနေ့ကအဖြစ်အပျက်လေးအပြီးမှာ သခင် သူဌေးလေးအား ရှောင်နေခဲ့မိသည်။ပထမဆုံးအနမ်းအား မထင်မှတ်ထားသည့်အချိန်မှာ အခိုးခံလိုက်ရသည်မဟုတ်ပါလား။

ပြီးတော့ တစ်အိမ်ထဲမှာအတူရှိနေတဲ့ ကိုယ့်အလုပ်ရှင်ကယူသွားခဲ့တာလေ။ သခင့်အနေနဲ့ထိုနေ့က ကိစ္စအားသူဌေးလေးနှင့်မျက်လုံးချင်းဆိုင်မိလျှင်
မျက်လုံးထဲမြင်ယောင်လာသည်မို့ အကြည့်ချင်းမဆုံမိအောင် ရှောင်နေမိသည်။

နေ့လယ်ထမင်းချိုင့်သွားပို့တဲ့အချိန်များဆို အတူစားနေသော်လည်း ခေါင်းကိုသာငုံ့ထားကာ နေမိသည်။သူဌေးလေးက ထိုနေ့ကိစ္စအတွက် တောင်းပန်ထားပြီးဖြစ်သည်။

သခင်က တောင်းပန်ဖို့မလိုကြောင်းပြောထားပေမဲ့ အချိန်တိုင်းခိုးယူခံသွားရသည့် အနမ်းတစ်ပွင့်အကြောင်း တွေးနေမိ၍ သူဌေးလေးအားအသေအချာမကြည့်ရဲသေးပေ။

တစ်ပတ်လောက် သခင် သူဌေးလေးအားရှောင်နေမိသည်။ဒီနေ့မှာတော့ သက်မွန်တို့အလုပ်ပိတ်ရက်မို့
ဖွားဖွားကြီးအားခွင့်တောင်းကာ သခင် သက်မွန်တို့ဆီထွက်လာခဲ့သည်။

အရင်တစ်ပတ်ကယုဝေ ပြောတဲ့သက်မွန်အကြောင်းနားထောင်ရင်း သခင်ရတဲ့လစာလေးအချို့သွားအပ်မို့ပင်။သခင်က အလုပ်မှာနေဖို့၊ထိုင်ဖို့၊စားဖို့ရာ ပူပင်စရာမရှိသော်ငြား သူငယ်ချင်းမလေးနှစ်ယောက်က
အဆင်ပြေမှာမဟုတ်ပေ။

အစတည်းက သခင်ဒီအလုပ်ကို သူငယ်ချင်းမလေးနှစ်ယောက်အား အထောက်အပံ့ပေးဖို့ရာ လုပ်ဖို့ဆုံးဖြတ်ခဲ့သည်မဟုတ်ပါလား။ ဒါကြောင့်ရတဲ့လစာထဲက သုံးပုံ နှစ်ပုံကိုသက်မွန်နဲ့ယုဝေထံပေးချင်သည်။

သခင် ခရမ်းရောင် မြန်မာဝတ်စုံလေးအားဝတ်ဆင်ကာ သနပ်ခါးပါးပါးလိမ်းကျံရင်း သက်မွန်တို့ဆီထွက်လာခဲ့သည်။နေပူနေ၍ အပြာရောင်ထီးလေးကိုလက်တွင်ကိုင်ရင်းနှင့်ပင်။

သခင်က အဝတ်အစား အသုံးအဆောင်များကို အပြာရောင်သာအများဆုံးသုံးသည်။ သခင်ကိုယ်တိုင်က အပြာရောင်သာကြိုက်သူမို့။
သခင်လွယ်ထားသည့်အိတ်လေးမှအစ စီးတဲ့ဖိနပ်ကိုအပြာရောင်ပင်သုံးထားသည်။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now