Epi💙3💙unicode💙

242 21 0
                                    

မောင့်သခင် ကြင်လှည့်ပါ

လွန်ခဲ့သော ငါးရက်ခန့်ကဖြစ်သည်။

ဝေဟင်မောင်တစ်ယောက် ကုန်တိုက်တစ်ခုတွင် ချာချာလေးအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူပြီး အိမ်ပြန်ဖို့ရာကားပေါ်လှမ်းတက်မည့်အချိန်တွင်...

"အန်တီ သမီးတို့ကို ဒီမုန့်လေးကျွေးပါလားဟင်၊ သမီးမောင်လေးက ဗိုက်အရမ်းဆာနေလို့ပါ"

ညစ်ပတ်ပေတလူးလျက်ရှိသော ကလေးနှစ်ယောက်မှ မိန်းကလေးတစ်ဦးဆီမှ မုန့်စားရလိုစားရငြား တောင်းနေရှာသည်။ဝေဟင်မောင် ထိုမိန်းကလေးမှ မည်သို့တုံ့ပြန်မည်ကိုစိတ်ဝင်စားမိ၍ ရပ်ကြည့်နေမိသည်။

"သမီး မောင်လေးကဗိုက်ဆာနေတာလား အဲ့တာဆို အန်တီက မုန့်နည်းနည်းပေးမယ်နော်..."

ဆံပင်ရှည်နဲ့မြန်မာဆန်ဆန်မိန်းကလေးမှာ ကလေးနှစ်ယောက်အားစကားလှည့်ပြောစဥ် မြင်လိုက်ရသည့် မျက်နှာလေးကြောင့် ဝေဟင်မောင်ရင်ထဲ ဗြောင်းဆန်သွားခဲ့ရသည်။အပြစ်ပြောရက်စရာမရှိတဲ့ မျက်လုံး၊မျက်ခုံး၊နှာတံ၊နှုတ်ခမ်းဖူးဖူးလေးများက သူ့မျက်လုံးထဲတွင်လက်ရာမြောက်တဲ့ပန်းချီကား တစ်ချပ်ပမာနှယ်။

ဝေဟင်မောင် အနေနဲ့ ချစ်သူရည်းစားတွေထည်လဲတွဲခဲ့ဖူးသော်လည်း ထိုမိန်းကလေးလောက် ရင်မခုန်ခဲ့ပေ။ဝေဟင်မောင်တွဲခဲ့ဖူးသည့် မိန်းကလေးများမှာလည်း ခေတ်ဆန်ဆန်ချောမောလှတဲ့ ကောင်မလေးများချည်းသာ။ချောလှကြပါသော်လည်း သူတို့ဟာ ဝေဟင်မောင်ရဲ့ စိတ်ကိုတော့ တစ်ဦးမှမသိမ်းယူနိုင်ခဲ့ပေ။

သနပ်ခါးပါးကွက်ကြားလေးနဲ့ မြန်မာဆန်ဆန်ထိုမိန်းကလေးကို ဝေဟင်မောင် မြင်မြင်ချင်းအချစ်ဟူသော ခေါင်းစဥ်အောက်တွင် ချစ်မိသွားခဲ့သည်။
ထိုနေ့ကစ၍ ဝေဟင်မောင်ခမျာ ကုမ္ဗဏီသွားလဲဒီစိတ်၊အိမ်မှာလည်းဒီစိတ်နှင့် အတွေးနယ်လွန်နေခဲ့သည်။အိမ်က ဝေဟင်မောင်ရဲ့ဖွားဖွားဒေါ်မြတ်ဝေလွင်ကပင် "ငါ့မြေးလေး ပြောင်းလဲနေပါလား"ဟု ပြောရသည်အထိပင်။

ဝေဟင်မောင်မှာ ဖေဖေ၊မေမေမရှိတော့တာမို့ ဖွားဖွားနဲ့သာအတူနေထိုင်သည်။ဝေဟင်မောင်တွင် အကိုတစ်ယောက်ရှိခဲ့ဖူးသော်လည်း ယခုတော့အကိုဝေလွင်မောင်မှာ သူ့ဇနီးနှင့်အတူ ကားတိုက်မူဖြစ်ပြီး လောကကြီးထဲကထွက်ခွာသွားရှာသည်။အကို့ရဲ့ ကျန်ရှိတဲ့ သားလေးချာချာလည်ကိုတော့ ဝေဟင်မောင်နဲ့ဖွားဖွားက ခေါ်ယူစောင့်ရှောက်ထားသည်။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now