Epi💙4💙unicode💙

217 21 0
                                    

မောင့်သခင် ကြင်လှည့်ပါ

မောင် ကုမ္ဗဏီသို့ရောက်သည်အထိ မျက်နှာရူံ့မဲ့လျက်။ သိုပေမဲ့လည်း ဝန်ထမ်းတွေရှေ့မှာတော့ မျက်နှာကိုအတတ်နိုင်ဆုံးပြန်ထိန်းကာ လျှောက်လာခဲ့သည်။လမ်းခုလတ်မှာ အတွင်းရေးမှူး ကိုခွန်စောမှူးနှင့်တွေ့လေသည်။

ခွန်စောမှူးသည် မောင့်ထက်အသက်တစ်နှစ်ကြီးသောသူ ဖြစ်သည်။သို့ပေမဲ့ မောင်နှင့်က သူငယ်ချင်းလိုပဲ ပေါင်းသည်။ခွန်စောမှူးကအသားညိုညိုနှင့် ခန့်ချောကြီးဖြစ်သည်။ပြုံးလိုက်လျှင်ချိုင့်ဝင်သွားတတ်သည့် ပါးချိုင့်လေးကိုလည်းပိုင်ဆိုင်ထားသည်။ခွန်စောမှူးသည်လည်း မောင့်လိုမိဘတွေမရှိကြတော့ချေ။ ညီမလေးတစ်ယောက်သာရှိတော့သည်။ ညီမလေးနာမည်က မှူးမဒီ။မှူးမဒီသည် တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူလေးဖြစ်ပြီး အသက်19နှစ်သာရှိသေးသည်။

ကုမ္ဗဏီတွင် မောင်နဲ့ခွန်စောမှူးဟာ အချောဆုံးဖြစ်သည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်နှစ်ခိုင်ကြီးပေပေါ့။

"သူဌေးလေး ဒီနေ့နောက်ကျတယ်နော်"

ခွန်စောမှူးမှ မောင်နှင့်လမ်းလျှောက်နေရင်း မေးလိုက်ခြင်း။ဟုတ်တော့လည်းဟုတ်သည်ပင် ခါတိုင်းဆို မောင်ကကုမ္ဗဏီကိုအစောကြီးရောက်ရောက်နေတတ်တာ။ ဒီနေ့က သခင့်စံအိမ်ကိုပြောင်းလာမည်ဆိုတော့ တမင်သက်သက် နောက်ကျမှလာခဲ့ခြင်း။သခင့်မျက်နှာလေး ကြည့်ပြီးမှ ရုံးသွားမည်ဟူသောအကြံအစည်ဖြင့်။

"အင်...တမင်သက်သက်နောက်ကျမှ လာတာ"

နှစ်ယောက်သား ဝန်ထမ်းတွေရှေ့မှဖြတ်လျှောက်သွားတိုင်း ဝန်ထမ်းများရဲ့တီးတိုးပြောသံကိုကြားရသည်။

ရုံးခန်းတံခါးကိုဖွင့်ကာ ကုလားထိုင်တွင်ထိုင်ရင်း နှစ်ယောက်သားစကားဆက်ကြလေသည်။

"သူဌေးလေးအိမ်မှာ တစ်ခုခုများရောက်နေလို့လား"

ကြည့်...မောင့် နဲ့အလုပ်အတူလုပ်လာတာနှစ်နှစ်ပဲရှိသေးတယ်။ မောင့်အကြောင်းဆို အရိပ်လေးပြလိုက်တာနဲ့ အကောင်လိုက်မြင်သည့် အတွင်းရေးမှူးပါ။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Opowieści tętniące życiem. Odkryj je teraz