Epi💙7💙Unicode💙

176 16 0
                                    

မောင့်သခင် ကြင်လှည့်ပါ

နောက်တစ်နေ့မနက်..

သခင်မနက်အစောကြီးနိုးနေသည်။အချိန်ကား ငါးနာရီ...

သခင်လည်းနိုးနေပြီမို့ ရေမိုးချိုးအဝတ်အစားလဲကာ
သနပ်ခါးလိမ်းခြယ်နေမိသည်။ကျောက်ပျဥ်လေးပေါ်က ဝါကျင်ကျင် သနပ်ခါးရည်အား လက်ညိုးလေးနှင့်အသာယူကာ ပါးပြင်တစ်ဖက်တစ်ချက်တွင် လိမ်းကျံသည်။မှန်တွင်ထင်ဟပ်နေသည့် သခင့်ရဲ့ယခုပုံစံကား အညိုရောင် မြန်မာဝတ်စုံလေးနှင့်သနပ်ခါးပါးကွက်ကြားလေးနှင့် ရိုးယဥ်စွာလှပနေသည်။

ပိတုန်းရောင်ဆံနွယ်ရှည်လေးများကိုလည်း အပူဒဏ်သက်သာစေရန် မြင့်မြင့်စည်းထားသည်ကြောင့် သခင့်မျက်နှာလေးဟာ ကြည်လင်ရှင့်သန့်နေသည်။စိုအိအိနှုတ်ခမ်းလေးက ဂျယ်လီတုံးလေးအလားပင်။

သခင်လည်း ပြင်ဆင်ပြီးသည်နှင့် ဘုရားပန်းလဲဖို့ရာ
ဘုရားခန်းထဲဝင်သွားခဲ့သည်။ရောင်ခြည်တွေထွန်းလင်းကာ ကြည်ညိုသပ္ပယ်လှသည့် ဂေါတမရှင်တော်မြတ်ဘုရား၏ ဆင်းတုတော်အား လက်ဆယ်ဖြာထိပ်မှာမိုး၍ သုံးကြိမ်ကန်တော့ပြီးသည်နှင့်
ဘုရားပန်းအိုးများယူကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

အောက်ထပ်တွင်တော့ ကြီးမြင့်နှင့်စုစုက ထမင်းဟင်းချက်ပြုတ်နေပြီဖြစ်သည်။ဒါရိုက်ဘာမောင်ဇော်ကတော့ ခြံထဲတွင် ပန်းပင်အချို့ကိုတခြားအလုပ်သမားများနှင့်အတူ ရေလောင်းပေါင်းသင်နေလေသည်။

"ကြီးကြီးမြင့်ရေ မနေ့ကဘုရားတင်ဖို့ဝယ်လာတဲ့ နှင်းဆီပန်းဝါလေးတွေ ဘယ်နားမှာလဲဟင်"

ဟင်းရွက်ခြွေနေသည့် ကြီးကြီးမြင့်အား သခင်လှမ်းမေးလိုက်သည်။

"အော်...သမီးပိုးရေ ဘေစင်နားလေးမှာတင်ထားတယ် သမီးတစ်ယောက်ထဲရရဲ့လားကွယ် ကြီးမြင့်ကူပေးရအုံးမလား"

"ဟို...ရပါတယ် ကြီးကြီးမြင့် သခင်လုပ်နိုင်ပါတယ် အဲ့တာဆို သခင်ဘုရားပန်းလဲလိုက်ပါဦးမယ် ကြီးကြီးမြင့်"

"အေအေ..သမီးရေ နှင်းဆီပန်းလေးကိုင်ရင် သတိထားနော်"

"ဟုတ်ကဲ့ကြီးကြီးမြင့်"

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now