ကျွန်တော့်မှာ ပြောစရာရှိတယ်။ (ZG)

84 3 0
                                    


ကျွန်တော် အောင်ပြည့်ပါ။ 

ဒီ 'တစ်လက်ကိုင် အချစ်သဝဏ်လွှာ' မြန်မာပြန်လေးက ကျွန်တော့်အတွက် ပထမဆုံး ဘာသာပြန်ဖူးခြင်းလို့ ဆိုရမယ်ဆို မမှားပါဘူးဗျ။ ဒီဟာလေးကို Facebook Gpလေးတစ်ခုမှာ Review တွေ့မိရာကနေ အနည်းငယ် တီးခေါက်မိရင်း ဘာသာပြန်ဖြစ်တယ်ဆိုရပါမယ်။ အဲဒီ အညွှန်း‌လေးကို လာပြပြီး ပြန်ဖြစ်ဖို့ တွန်းအားပေးတဲ့ သူငယ်ချင်းကြောင့်ဆိုလဲ မမှားပါဘူး။ 

ပြန်ဖြစ်ဖို့ အကြောင်းတရားတွေရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ ဖတ်ညွှန်းညွှန်းဆိုပေးသူနဲ့ သူငယ်ချင်းလေးကို အထူးပင်ကျေးဇူးတင်ပါကြောင်းလဲ ဖော်ပြလိုပါတယ်။ 

ဒီနေရာ ကျွန်တော့်စာရေးတဲ့ ပုံစံက တွေ့နေကျနဲ့ ကွဲပြီး စကားပြောဆန်ဆန်ဖြစ်နေပါတယ်။ ဒါကို အပြောစကားပြေပုံစံလို့ ခေါ်လို့ရပါတယ်။ အဲဒီ အပြောစကားပြေပုံစံနဲ့ပဲ ဆက်ရေးဖို့ တွေးမိတာကြောင့် အပိုင်းတွေကို အပြောစကားပြေနဲ့ပဲ အရင်တင်ကြည့်မယ်လို့ စိတ်ကူးရှိပါတယ်။ ဖတ်ကြည့်ကြပြီး အဆင်မပြေရင်တော့ သီကုံးဖွဲ့နွဲ့ဟန်ဖြစ်တဲ့ အရေးစကားပြေနဲ့ ပြောင်းလဲပြန်ဆိုပေးဖို့ အစီအစဉ်ရှိပါတယ်။ 

ပထမဆုံးဘာသာပြန်ဆိုမှာ ဖြစ်တာကော အများမသုံးတဲ့ စကားပြေပုံစံကို သုံးဖြစ်မှာကောကြောင့် အဆင်မပြေတာတွေနဲ့ လိုအပ်တာတွေကို ဝေဖန်အကြံပြုပေးဖို့ကိုလဲ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။ ဖတ်ရှုပေးသူ တစ်ဦးချင်းစီကိုလဲ ကျေးဇူးတင်ပြီး အတတ်နိုင်ဆုံး ကြိုးစားတင်ဆက်သွားပါမယ်ခင်ဗျာ။ 

Updateကတော့ အပတ်စဉ် တနင်္ဂနွေနေ့ဖြစ်ပါတယ်ခင်ဗျာ။ 
တစ်နှစ်ဝန်းကျင်နဲ့ အပြီးပြန်မယ်စိတ်ကူးတာကြောင့် တချို့အပတ်တွေမှာ အပိုဆောင်းပြန်တာမျိုး ရှိနိုင်ပါတယ်။ ‌

ဒါပဲ။ အိပ်ပြီ ပိုင့်ပိုင့်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now