အပိုင်း ၅ ZG

9 1 0
                                    

အပိုင်း ၅ -  လုယောင်ကို " ငါတောင်းပန်ပါတယ်ကွာ။ " လို့
သူ တကယ်ပဲ ပြောချင်ခဲ့တယ်။

လုယောင်၏ လူနေမှုပုံစံကို ရှန်းဝမ့်ချုံး အကြမ်းဖျင်း အကဲခတ်မိပေသည်။ ယခင်ကနှင့် မတူတော့သော်လည်း လုယောင်ကတော့ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေဆဲဖြစ်ပြီး ပိုက်ဆံ‌သုံးဖြုန်းကြီးနှင့် လူ့မလိုင်ဆန်ဆန် နေထိုင်ခြင်းလည်း မရှိပေ။

အဝတ်ဗီရိုထဲမှ လုယောင် နေ့စဉ်ဝတ်လေ့ရှိသော အဝတ်အစားများမှာ သာမန်အညတရ အမှတ်တံဆိပ် များသာဖြစ်ပြီး ငွေကုန်ကြေးကျများသည့် နာမည်ကျော် ဒီဇိုင်နာထုတ် အမှတ်တံဆိပ် ဟူ၍ အဝတ်နှစ်စုံနှင့် လယ်သာရှူးတစ်ရံသာ ရှိပေသည်။ ထိုလယ်သာရှူးအား လုယောင် လုပ်ငန်းခွင်တွင် ဝတ်လေ့ရှိသည်ကို သူမမြင်မိချေ။ သူ့ကို အချုပ်မှ လာထုတ်သည့် အချိန်ကသာ ဝတ်ဆင်ခဲ့ဖူးသည်။

အခြားတစ်ဖက်မှ ကြည့်လျှင် ….

ရှန်းဝမ့်ချုံးက လုယောင်၏ အဝတ်ဗီရိုအရေးမှ အစ အသေးစိတ်သိနေသည်အား အခြားသူကြားပါက ထူးဆန်းနေရော့မည်။

လုယောင်သည် အခန်းကတ်သာမက အိမ်အတွင်းရှိ အခန်းတံခါး၊ ကြောင်အိမ်၊ ဗီရို စသည့် အရာအားလုံးကို သော့ခတ်ခြင်းမရှိဘဲ သည်အတိုင်းသာ ထားသွားတတ်သည်။ ထို့ကြောင့် ရှန်းဝမ့်ချုံးစိတ်ကြိုက် လှန်လှောစပ်စု၍ ရပေသည်။

ရှေးဦးစွာ လုယောင်သည် သူ့အား သူစိမ်းသူပြင်ကဲ့သို့ မဆက်ဆံကြောင်း ခံစားသိရှိရသည်။ သို့သော်လည်း သူလိုက်စပ်စုအပြီးတွင်တော့ အိမ်တွင် တန်ဖိုးကြီးရာဟူသည် မူး၍ ရှူရန်ပင်မရှိချေ။ သို့ကြောင့် လုယောင် အိမ်ကို သည်အတိုင်း အကာအကွယ်မဲ့ ချန်ထားရစ်နိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။
ရှန်းဝမ့်‌ချုံးတစ်ယောက် လျှောက်ပတ်ကြည့်ရင်း ငြီးငွေ့လာပေသည်။

လုယောင်သည် နေ့စဉ်အသုံးစရိတ်များကိုလည်း အလွန်စိစစ်ခြွေတာသေးည်။

သူသည် ရက်အနည်းငယ်လောက် ဘာမျှ လုပ်စရာမရှိပေ။ ထို့ကြောင့် နောက်သုံး၊ လေးရက်စာ လိုအပ်မည့် ပစ္စည်းပစ္စယများကို ဝယ်ယူရန် အိမ်အနီးနားမှ စူပါမားကတ်တစ်ခုသို့ လုယောင်နှင့်အတူ ထွက်လာလိုက်ကြသည်။
လုယောင်သည် လက်ကမ်းကြေညာများကို ကြည့်၍ မည်သည့်ပစ္စည်းကို‌တော့ဖြင့် လျှော့စေးချနေသည်။ မည်သည့်ပစ္စည်းကိုတော့ဖြင့် ပရိုမိုးရှင်းပေးနေသည် စသဖြင့် ဈေးတွက်တွက်ကာ သေချာကြည့်ရှုရွေးချယ်နေပေသည်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now