အပိုင်း - ၇.၁

82 9 8
                                    

အပိုင်း - ၇.၁

အိမ်‌ပြန်ရောက်ပြီးနောက် “ ကိုယ်အရင် ရေချိုးလိုက်မယ်။” ဟု လုယောင်က ပြောသည်။

လုယောင်သည် လေ‌လွင့်ခွေးလေးအား ထိတွေ့ ပွေ့ယူခဲ့ရသည်ဖြစ်၍ ၎င်း၏ ကိုယ်သည်လည်း အနံ့ဆိုးများ ကပ်တွယ်ညှိကျန်ခဲ့သည်။ ထို့ကြောင့် ရှန်းဝမ့်ချုံး ၎င်းအပေါ် ရှောင်ဖယ်မည်ကို စိုးရိမ်နေမိသည်။

လုယောင် မူလတန်းတုန်းက ပလုံကောက်သူ၏ သားဖြစ်သည့်အတွက် အတန်းဖော်များ၏ ဖယ်ကြဉ်ခြင်း ခံရသည်ကို ပြန်သတိရမိသည်။

ဆောင်းရာသီဖြစ်သော်လည်း လုယောင် မပျက်မကွက် နေချိုး၍ နေ့စဉ် အဝတ်သေချာလဲလှယ်သည်။ ထို့အပြင် သူ့တစ်ကိုယ်လုံးအားလည်း နီရဲလာသည်အထိ ပွတ်တိုက်သန့်စင်သည်။ သို့သော်လည်း ဉာဉ်ဆိုးရှိသည့် ကလေးများက သူအနားရောက်သည်နှင့် သူတောင်းစားလို အနံ့နံလိုက်တာကွာဟု လှောင်ရယ်ကြသူများက တစ်သွယ်။ ၎င်းနှင့် ထိမိလျှင် သူတို့ပါ ညစ်ပေသွားသည်ဟု တွေးကြသူများက တစ်ဖုံ စသဖြင့် ခွဲခြားဆက်ဆံမှုများ ကြုံခဲ့ရသည်။

ရှန်းဝမ့်ချုံး လုယောင်ကို ကြည့်မိရင်း တစ်ခုကို မေးဖို့ သတိပြုမိသွား၏။ “ လုယောင် မင်းရေချိုးရင်ကော အဲလက်တုကြီကို ချွတ်လား။”

လုယောင်သည် အမြဲတစေ ရှန်းဝမ့်ချုံး အိပ်ပျော်နေစဉ်သာ တိတ်တစိတ် ‌ရေချိုးလေ့ရှိသည်။ ပြန်ထွက်လာလျှင်လည်း ၎င်း၏လက်ကို တပ်ပြီးဖြစ်၍ ရှန်းဝမ့်ချုံးသည် လုယောင်၏ ကိုယ်အင်္ဂါအပြည့်အစုံနှင့် အသွင်ကိုသာ မြင်ဖူးချေသည်။ လုယောင်သည် ပြီးပြည့်စုံသော လက်တုတစ်ခုရှိ၍ ရှန်းဝမ့်ချုံးရှေ့တွင် ပုံရိပ်မကျစေလိုပေ။

“ အမ်း။” လုယောင် ခေတ္တမျှ ဆုတ်ဆိုင်းသွားပြီးနောက် “ ကိုယ်အိပ်ရာဝင်ရင်တော့ ချွတ်ပါတယ်။ အဲဒါက လက်အစစ်မဟုတ်တော့ အချိန်တိုင်းဝတ်ရင် မသက်သာဘူး။”

ရှန်းဝမ့်ချုံးမှာ ပို၍ပင် စပ်စုချင်စိတ် ဖြစ်လာသည်။

လုယောင်က ရှန်ဝမ့်ချုံး သိချင်စိတ် ပြင်းပြနေသည်ကို မြင်သောအခါ “မင်းက မြင်ဖူးချင်လို့လား။”

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now