အပိုင်း ၆

75 9 0
                                    

အပိုင်း ၆

ရှန်းဝမ့်ချုံးတွင် ပိုက်ဆံဟူ၍ ခြူးတစ်ပြားမျှပင်မပါချေ။ ထို့အပြင် သူ့ကိုယ်တွင် ဝတ်ဆင်ထားသည့် အဝတ်အထည်နှင့် ခြေထောက်မှ ဖိနပ်သည်လည်း လုယောင်ဝယ်ပေးထားသည်သာဖြစ်၏။

ခြေလှမ်းနည်းနည်း လျှောက်လာပြီးမှ ကြက်သေသေသွားရသည်။ သူသည် H မြို့တော်သို ယခုမှ ရောက်ဖူးခြင်းပင်။ ထို့ကြောင့် လမ်းများကိုလည်း မမှတ်မိချေ။  လမ်းမကြီးအတိုင်း တည့်တည့်လျှောက်ရင်း ခြေဦးတည့်ရာ သွားနေရသည်။  သူရောက်နေသည့် နေရာသည် ရှေးဟောင်းမြို့ဖြစ်သည့်အားလျော်စွာ အချို့အရာများမှာ ပြန်လည်ပြုပြင်ထားခြင်းဖြစ်၏။ လမ်းဘယ်ဘက်တွင် အပြာရောင်အကာအရံအတွဲလိုက်နှင့် ဆောက်လုပ်ရေးတစ်ခုရှိပြီး ညာဘက်တွင် ဆိုင်ခန်းအိုလေးများရှိသည်။

ညဘက်ဆောက်လုပ်ရေး ရပ်နားထား၍ အတော်လေး တိတ်ဆိတ်ပြီး ဤနေရာကြီးသည် တစ်သီးတစ်ခြားဖြစ်နေသည်။

လမ်းကျဉ်းလေးသို့ မည်သည့်ယာဉ်မျှလည်း ဖြတ်သန်းသွားခြင်းမရှိပေ။ ထိုခြောက်ကပ်နေသော လမ်းကလေးထက် သူတစ်ယောက်တည်းသာ လူးလွန့်သွားလာနေရသည်။

ဆိုင်ကလေးတွေဆိုသည်မှာလည်း တစ်ဆိုင်ပြီး တစ်ဆိုင်ပိတ်သွားကြပြီး ဝင်ပေါက် သံတံခါးကြီးမှာလည်း ပိတ်သွားချေပြီ။ ဆိုင်ငယ်လေး တစ်ဆိုင်ကတော့ ဖွင့်နေသေးသည်ကို သူတွေ့လိုက်ရသည်။ ထိုဆိုင်ငယ်လေး၏ မှန်တံခါးပေါ်တွင် ဆေးလိပ်၊ ဝိုင်၊ ဖုန်းဘေ စသဖြင့် ရေးသားထားပြီး ပျက်တစ်ဝက် ထင်တစ်ချက်ဖြင့် မထင်မသာသာ ရှိသည်။

ထိုဆိုင်ငယ်လေးမှာ ဆိုင်ဟောင်းတစ်ဆိုင် ဖြစ်ဟန်ရှိ၍ အပြင်အဆင်မှာလည်း လွန်ခဲ့သော ဆယ်နှစ်ခန့်က အပြင်အဆင်မျိုးပင်။

ရှန်းဝမ့်ချုံး ခဏမျှသာ ရပ်ကြည့်ပြီးနောက် ခြေဦးတည့်ရာသာ ဆက်ထွက်လာခဲ့သည်။

ပုစဉ်းရင်ကွဲများမှ ‘ ဗဇီးဇီးးးးဇိ ’ ဟူသော အသံများထုတ်လွှင့်လျက်ရှိပြီး နားထဲသို့ချင်းနင်း ဝင်ရောက်လာရင်း အတွေးတို့မှာလည်း လွန်လေပြီသော ဆယ်နှစ်နှစ်ခန့်က နွေရာသီဆီ ပျံ့လွှင့်သွားချေသည်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now