အပိုင်းတစ်

280 18 2
                                    

အပိုင်းတစ်

ရှန်းဝမ့်ချုံးအနေဖြင့် လုယုံ သူ့ဆီလာလိမ့်မည်ဟု မည်သို့မျှ မတွေးမိခဲ့ချေ။

သူတို့နှစ်ဦးသား မဆုံဖြစ်ကြတော့သည်မှာလည်း  ဆယ်စုနှစ် တစ်ခုပင် ရှိတော့မည်။ ထို့အပြင် သူတို့နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ကာလများ၌လည်း ပြန်‌ ပြောဖွယ်မကောင်းလောက်သည့် အမှတ်တရများနှင့် ပြည့်နှက်လို့နေပေသည်။ 

ရဲများမှ အာမခံနှင့် ခံဝန်အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်လာတောင်းသည့်အခါ သူဖုန်းနံပါတ်တစ်ခုကို အလွယ်ပေးလိုက်မိသည်။ ထိုနံပါတ်မှာ လုယုံ၏ ဖုန်းနံပါတ်ဟူ၍ပင် မသေချာချေ။ အကယ်၍ လုယေုံဖုန်းပင်ဖြစ်လင့်ကစား ရဲတွေဘက်မှ ဆက်သွယ်လာပါက 'ဖုန်းမှားတာလား၊ လူလိမ်လား။'ဟုသာ သတ်မှတ်လိုက်မည်မှာ မလွဲမသွေပင်။  ဖြစ်နိုင်သည်မှာ ရဲများကိုပင် စိတ်တို အော်ငေါက်လိုက်နိုင်ချေသည်။ ဤသို့ ဇာတ်ကွက်ကျကျ တွေးမိပြန်တော့လည်း အရာရာအဆင်ပြေနေ၍ သူ့စိတ်ထဲပျော်သွားသလိုလိုပင်။ အကယ်၍ ရဲတွေပွားလာလျှင်တောင် ရင်ဆိုင်ဖို့ အသင့်ဖြစ်နေလေပြီ။

သို့သော်လည်း လုယုံက ရဲစခန်းကို တကယ်ပင် ရောက်ချလာမည်ဟု သူထင်မထားမိခဲ့ပေ။ ထိုမျှပင်မက သူလောင်းကစားဝိုင်းမှာ ပါဝင်ခဲ့မှုအတွက် တရုတ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ချမှတ်သည့် ဒဏ်ငွေပေးဆောင်ခဲ့ကာ အာမခံ ခံဝန်ပင် ပေးခဲ့ချေသည်။ ထို့နောက် လုယုံမှ သူ့ရှေ့နေဖြင့်ပင် ချိတ်ဆက်ပေး၍ အမြန်ဆုံး အချုပ်မှလွှတ်ရန် ကူညီပေးခဲ့ပြန်၏။ ထို့ကြောင့် ငါးရက်ခန့်အတွင်းမှာပင် သူထိန်းသိမ်းခံရာမှ လွတ်မြောက်ရာရခဲ့လေပြီ။ 

'သူ့ကိုခေါ်သွားမယ်'ဟူ၍ လုယုံဘက်က ကမ်းလှမ်းလာခဲ့သော်လည်း ၀မ်ရှင်းဘက်မှ သံသယရှိနေမိပြန်၏။

……….

နွေလယ် တစ်မွန်းတည့်၌ နေရောင်ခြည်ကြီးက တောက်ပနေပြီး ပုစဉ်းရင်ကွဲတို့ကသံစဉ်များကို သီဆို ညည်းနေကြလေသည်။
ရှန်းဝမ့်ချုံးတစ်ယောက် ဂိတ်မှထွက်လာခဲ့လိုက်တော့သည်။ သူ နေရာတစ်ခုကို ကြည့်လိုက်ချိန်မှာတော့ အနက်ရောင် Mercedes E63S တစ်စီးက လမ်း၏တစ်ဘက်တွင် ပါကင်ထိုးထားလျက်ပင်။ ထိုကား၏ လှပထည်ဝါ၍ သန်မာလှသော ဖွဲ့စည်းမှုများကြောင့် "MOB GETUP"ဟုလည်း လူသိများလေသည်။ ခြုံပြောရမည်ဆိုလျှင် မဟားတရား မတောက်ပလွန်းနေရင်တောင် မည်သူမဆို သည်ကား၏ တန်ဖိုးကြီးမှုကို တပ်အပ်သိနိုင်ပေမည်။ မည်သို့ပင်ဆိုစေကာမူ ကားနံဘေး၌ရပ်နေသော လူတစ်ဦးကသာ သူ့ရဲ့အမြင်အာရုံကို ပိုပြီး လှုပ်ယူ ဖမ်းစားနိုင်ခဲ့လေသည်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now