2.2

88 11 3
                                    

2.2

"ရှောင်မြှိန်"
"ရှောင်မြှိန် ငါတို့ရောက်ပြီ ထတော့"

သူ၏ဖခင်ဖြစ်သူ ကွယ်လွန်ပြီးချိန်မှစ၍ မည်သူကမျှ သူ့ကို ယခုကဲ့သို့ မခေါ်ဝေါ်တော့ပေ။ ရှန်းဝမ့်ချုံးသည် တစ်ခဏတာ ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး သူပြန်မွေးဖွားလာကာ အတိတ်သို့ ပြန်ရောက်ရှိခဲ့သည်ဟု တွေးထင်ခဲ့မိသည်။

ဤသည်က သူ၏ အသင်္ချေအနန္တ ရှည်လျားလှသော အမှောင်ညများထံမှ ရောင်နီအလင်းစက်ပြန် ရှာနိုင်မည့် အကောင်းဆုံး နည်းလမ်းလည်းဖြစ်လိမ့်မည်။ သူပြန်လည်ရှင်သန်လာချိန်တွင် ယခုကဲ့သို့ ခြေသလုံးအိမ်တိုင် လေလွင့်နေသူမဟုတ်ဘဲ နှစ်လိုထယ်ဝါသော သခင်ငယ်လေး ဖြစ်နေသေးသည်ဟုပင်။

ရှန်းဝမ့်ချုံး စက်ခနဲ ထထိုင်လိုက်သော်လည်း သူ၏ စိတ်အစုံသည် အိပ်မက်တွင်သာ မျောလွင့်ဆဲဖြစ်ပြီး အသိသတိ မကပ်နိုင်သေးချေ။ သူလုယောင်ကို မော့ကြည့်လိုက်ပြီး " လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာအတွင်း ဘယ်သူမှ ' ရှောင်မြှိန် ' လို့  မခေါ်ကြတော့ ငါ့ကို ခေါ်မှန်းတောင်မသိလိုက်ဘူး။ ' ဟု ရေရွတ်မိသည်။

" ဒီအရွယ်ကြီးတောင် ရောက်နေပြီဆိုတော့ ကြားရတာ နေမိထိထိုင်မသာ ကလိကလိကြီးကွာ။ "
မဆုံဖြစ်သည်မှာ ဆယ်နှစ်မျှရှိပြီဖြစ်သော်လည်း တစ်ဖက်သူမှာ သူ၏ အိမ်နာမည်ကိုပင် ဘာဝသရုပ်ပေါ်အောင် ခေါ်နိုင်သေးသည်။

ရှန်းဝမ့်ချုံး လုယောင်ကို စိုက်ကြည့်နေမိရင်း ငါးစက္ကန့်အကျော်လေးမျှဖြင့် အကြည့်စလွှဲမိသည်။

လုယောင်က သမန်ကာလျှံကာဖြစ်သော်လည်း သူကသာ နေရခက်ခက် ဖြစ်နေသည်။

ရှန်းဝမ့်ချမ်း စောင်ကို အနံ့ခံကြည့်လိုက်ပြီး " ငါရေမချိုးရတာ သုံးရက်လောက်ရှိကြီဆိုတော့ အနံ့အသက်မကောင်းဘူးကွာ။ မရည်ရွယ်ဘဲ မင်းစောင်ကိုပါ အနံ့ကူးအောင်လုပ်မိပြီ။ တောင်းပန်ပါတယ်။ " ဟု မရဲတရဲပြောလိုက်သည်။

လုယောင်တစ်ယောက် စောင်ကို အဝေးလွှင့်ထုတ်လိုက်ပြီး " ဘာမှမဖြစ်ဘူ။ စောင်က ပြန်လျှော်လို့ရတယ်။ "

သူတို့ ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။

လုယောင်က သူ့အခန်းသော့ စမတ်ကတ်နှင့် ဆယ့်ကိုးလွှာသို့ တက်ရန် ရွေးချယ်လိုက်သည်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Onde as histórias ganham vida. Descobre agora