~Intro~

157 3 0
                                    

"မင်လေး.....!!"

ခါတိုင်းလပြည့်ညတွေလိုပဲ
ကျွန်တော် အလန့်တကြားနိုးထရပြန်တယ်... ခံစားချက်က တကယ်တစ်မျိုးကြီး
ချက်ချင်းပဲ ငိုချင်လာသလိုလို
လွမ်းရမလို ဆွေးရတော့မလိုနဲ့….

ထူးဆန်းတာက
လန့်နိုးလို့ နာရီကြည့်မိလိုက်တိုင်း
ညဆယ့်နှစ်နာရီတိတိဖြစ်နေတာ….။

မက်ပြန်ပြီ ဒီအိပ်မက်.....

မူလတန်းတက်ခါနီးကတည်းက
လပြည့်ညရောက်တိုင်း
ဒီအိပ်မက်ကြီးမက်နေခဲ့တာ
အသက်နှစ်ဆယ်ပြည့်ပြီး အခုထိဆိုပါတော့။

အိပ်မက်ထဲက
မိန်းမချော,ချောတဲ့ကောင်လေး
မဟုတ်သေးဘူး....၊
သူက မိန်းကလေးတွေလိုလည်း
နွဲ့နွဲ့နှောင်းနှောင်းလေး မဟုတ်
ယောက်ျားတွေလို သန်သန်မာမာကြီးလည်း
မဟုတ်ပြန်ဘူး...

တစ်မျိုးလေး~~
တကယ့်ကိုမှ တစ်မျိုးလေးရယ်...။

ကျွန်တော့အိပ်မက်ထဲ သူရောက်လာတိုင်း
စကားတစ်ခွန်းတော့ ပြောသွားလေ့ရှိတယ်

"ထားမသွားပါနဲ့" တဲ့...

ကျွန်တော့်အထင်
ထားသွားတာကျွန်တော်မဟုတ်ဘဲ
သူ လားလို့လေ

ဘာလို့ဆို...

အဲ့စကားကိုပြောပြီးတိုင်း
အိပ်မက်ထဲမှာပဲ ရုတ်တရက်ကြီး ချောက်ကမ်းပါးတစ်နေရာကို
အလိုလိုရောက်သွားပြီး
မြူခိုး မြူငွေ့တွေကြားထဲ
ပျောက်ခြင်းမလှ ပျောက်သွားတတ်တယ်

ပြီးတော့ သူက
ယောက်ျားလေးဆိုပေမယ့်
ဖြူဖြူသေးသေးလေး ...၊
လက်ဖဝါးခြေဖဝါးလေးတွေဆိုလည်း ရဲရဲလေး...

ယောက်ျားတစ်ယောက်ကိုလှတယ်လို့
မသုံးသင့်ပေမယ့်

တကယ်ကိုလှတာ...၊

အိပ်မက်ထဲမြင်နေကျမို့
စွဲလမ်းမိသွားတာလားတော့ မပြောတတ်...၊


ခင်ဗျား သိပ်ကိုလှရက်လွန်းတယ်...။


>>>>>>>•<<<<<<<

#Guu

September 10 2023

💭နေ့ညအိပ်မက်ငယ်Where stories live. Discover now