5 (zawgyi)

10 1 0
                                    

တစ်ခါတလေ.....
အကြောင်းအမျိုးမျိုးကြောင့်
ဖွင့်ဟ၀န်ခံဖို့‌တောင် အခွင့်အရေးမရှိခဲ့လို့
မြိုသိပ်ခဲ့ရပေမယ့်

ဒီထက်ပိုပြီး နီးစပ်ဖို့ မဖြစ်နိုင်တဲ့ဘ၀တွေမို့
မလှမ်းမကမ်းကနေပဲ
နားစွင့်နေခဲ့ရပေမယ့်

ဝမ်းနည်းအားငယ်တဲ့ချိန်ပဲဖြစ်ဖြစ်
ပျော်စရာအခိုက်အတန့်မျိုးမှာပဲဖြစ်ဖြစ်
အလိုလိုသတိရမိတဲ့ စိတ်ကိုတော့
တားဆီးပစ်လို့ ဘယ်ရမလဲလေ....

သို့ပေမယ့်...၊
အကြင်သူဟာ
ဘာအကြောင်းကြောင့်ရယ် မဆိုထားနှင့်

အကြောင်းမရှိ သတိရတာမျိုးတောင်
မစွမ်းနိုင်တော့အောင်
စကားတစ်ခွန်းတည်းနဲ့တင်
ပြတ်ပြတ်သားသား
စည်းခြားပစ်ခဲ့တယ်

ရက်စက်လွန်းပါရဲ့......။

အဲ့ဒီ့စကားတစ်ခွန်းကတော့........

~~~~~~~~~~~~~~~

"ဂျောင်ဂု! လာ သွားကြမယ်
ငါsamဂျင်ကိုပြောတာ ရခဲ့ပြီ"

"ဟမ်? ဘာကိုလဲ"

တစ်နေ့လုံးနီးပါး
အနီးနားရှိသမျှ ရှေးဟောင်း‌
ကျောက်စာတွေဖတ်ကြ
လေ့လာကြမှတ်သားကြနဲ့
ကြိုးစားလိုက်ကြရာ
ညနေစောင်းနေပြီမို့
အများစုမှာ ပင်ပန်းပြီး
အနားယူ‌နေကြလေပြီ

ထယ်ကတော့ ခုထိမနားနိုင်သေး
သူ့နား မပြေးရုံတမယ်ရောက်လာကာ
‌တနေ့ညနေက စကားကို
ပြန်ဆက်ရန် ပြင်လေ၏....၊

"ဟော မင်းရဲ့သရဲထီးလေးဆီ
ပြန်သွားမယ်ဆိုတာလေ"

ဂျောင်ဂု စာဖတ်နေရင်းမှ
မျက်မှောင်ကြုံ့ကာ

"သရဲထီး မဟုတ်ပါဘူးဆိုနေကွာ"

"အေးပါ ဘာကြီးဖြစ်ဖြစ်....၊
ခု အဲ့ကို ပြန်သွားကြမယ်လေ
ငါပါအဖော်လိုက်ခဲ့ပေးမယ်"

ဘာလို့မှန်းမသိ.....
ဝိဉာဉ်တို့ သရဲတစ္တေတို့
သိပ်အယုံအကြည်မရှိပေမယ့်

ဂျောင်ဂု စ,ပြောပြကတည်းက
မသိစိတ်ကရော အသိစိတ်ထဲကပါ
စိတ်ဝင်စားမိရာကနေ
အဲ့ကိုသွားဖို့ပဲ စိတ်အားထက်သန်နေမိတယ်

ဘာပဲပြောပြော
သရဲခြောက်ခံခဲ့ရတယ်ဆိုရင်‌တောင်မှ
အနည်းဆုံးတော့
လေ့လာရေးခရီး အမှတ်တရတစ်ခု
ဖြစ်သွားတာပေါ့
ဟုတ်တယ်မလား....?

💭နေ့ညအိပ်မက်ငယ်Where stories live. Discover now