အိပ်မက်တွေ အိပ်မက်တွေ.....
ကြောက်စရာ ကောင်းလိုက်တာဆိုတာ...ဒီ အိပ်မက်တွေထဲကများ ရုန်းထွက်လို့ရရင်
ထွက်ချင်မိပါရက်နဲ့.....
မမြင်နိုင်တဲ့ကြိုးတွေနဲ့ အထပ်ထပ်အခါခါ ချည်နှောင်ပစ်ခဲ့လေသလားအမြဲလိုလို ဝိုးတဝါးပုံရိပ်တွေနဲ့မျက်နှာလေး.....၊
တပြိုင်နက်တည်းပဲ
နှလုံးသားမှာတော့ သိပ်ကိုထင်ရှားနေခဲ့တာ....။"ဖမ်း! ခုန်ချခဲ့မယ်!!"
"Jeon! ဒီမှာကြည့်အုံး!"
"ရော့! Jeon အတွက်......"
"ဒါက ငါလား....?"
"အင်း.......နှစ်ခြိုက်တယ်!"
"ဟင့်အင်း! ငါ့ကိုပြန်မပို့နဲ့အုံး"
"Jeonကိုယ်တိုင်ပဲ သိမ်းထားလိုက်......."
"ယောက်ျားအရင့်အမာကြီးကို ဖွဲ့နွဲ့လွန်းနေတာပဲ"
"အမိန့်တွေသုံးရတာ ငြီးငွေ့လာပြီ"
"ဒီလို အမြဲအေးချမ်းနေချင်တယ်..........."
မနေ့တစ်နေ့က ဖြစ်ရပ်တွေလို....
ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဇာတ်ကွက်တွေလို....
အမြင်အာရုံထဲကို တရိပ်ရိပ်နဲ့
နေရာယူလာပြန်တယ်မြင်ကွင်းတွေဝေဝါးနေရင်းက
သိသိသာသာနဲ့ ထင်ရှားပြတ်သားလာခဲ့ပေမယ့်
သေချာတာတစ်ခုက
ခါတိုင်းလိုတော့ မဟုတ်ခဲ့ဘူး....မြူခိုး မြူငွေ့တွေကြားထဲ
အမည်မသိ ခံစားချက်တွေပဲချန်ခဲ့ပြီး
ပျောက်ပျောက်သွားတတ်သူက
တမူထူးခြားစွာ ဒီတစ်ခါတော့
မပျောက်ကွယ်သွားဘဲ တစ်ချိန်လုံး ပြုံးနေခဲ့တာ
အလှဆုံးလို့ပဲ ဆိုပါတော့အိပ်မက်တွေမက်လာခဲ့တဲ့တစ်လျှောက်
ခုတစ်ခေါက် အအေးချမ်းဆုံးလို့ဆိုရမှာပဲအဓိက,က အပြုံးတွေ......!!
နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပျော်နေလိုက်တာများ
တစ်ကြိမ်တစ်ခါမျှ ကြည့်မိလိုက်ရုံနဲ့တင်
အညို့ခံလိုက်ရသလို
ငေးမောသွားရစေနိုင်တဲ့ အပြုံးမျိုးလှလှလေးပြုံးတတ်လွန်းပါရဲ့......
"လှတယ်" ဆိုတဲ့စကားလုံးနဲ့ အကြိမ်ကြိမ်အခါခါတင်စားရင်တောင် မလုံလောက်နိုင်ဘူး......