"မင်းသားလေး အရမ်းမပြေးပါနဲ့
ကျွန်တော်မျိုးတို့လည်း မောလှပါပြီ""မောရင်မလိုက်နဲ့ပေါ့"
ဂျိုဆွန်းမင်းဆက်
လက်ထက်ခန့်လောက်ကဖြစ်မည်၊အသက်နှစ်ဆယ်ပြည့်ခါစအရွယ်
မင်းသားငယ်လေးတစ်ဦး
အခြွေအရံတွေ
လိုက်ဖမ်း၍မမှီနိုင်အောင်ပင်
လွတ်လပ်စွာ ပြေးလွှားဆော့ကစားနေစဲဥယျာဉ်တော်ထဲ
အတန်ကြာပြေးပြီးသောအခါဝယ်...၊"ကိုင်း ငါကိုယ်တော် မောသွားပြီ
ရေတော်ဆက်သ,စေ"မင်းသားလေးက
အေးမြသည်ကို ပို၍နှစ်ခြိုက်ကြောင်းသိသဖြင့်ယနေ့မနက်
ဥယျာဉ်တော်သွားခါနီးကတည်းက
စိမ့်အိုးထဲမှရေကို
ဝါးကျည်တောက်ထဲထည့်ကာ
တစ်ပါတည်း ယူလာခဲ့လိုက်သည်။ထိုဝါးကျည်တောက်ထဲမှ ရေကို
ကြွေဖန်ခွက်ကလေးထဲတဆင့် ငှဲ့ပေးလိုက်၏။"အသင့်ရှိကြောင်းပါ မင်းသားလေး"
"ခစ် ခစ်..."
အလိုက်သိလွန်းသော
ကိုယ်ရံတော်ကင်မ်တစ်ဖြစ် ယောင်း ကို
တစ်ချက်ကြည့်ကာ
သူ့အတွေးနှင့်သူ သဘောကျလျက်
ချစ်စဖွယ် တခစ်ခစ်ရီနေပြန်သည်။ကိုယ်ရံတော်ကင်မ်လည်း ပြုံးကြည့်နေလျက်..။
ထိုစဉ်
"မင်းသားလေး..
ခမည်းတော်အရှင်မင်းကြီးက
အခေါ်တော်လွှတ်လိုက်ကြောင်းပါ"(နေ့လယ်ဘက် မခေါ်စဖူး..)
"ကောင်းပြီ များမကြာမီရောက်မည်ဟု
လျှောက်တင်တော်မူ၊
မောင်မင်းတို့အလုံးစုံ ပြန်ကြနှင့် ""မှန်လှပါ မင်းသားလေး"
ကိုယ်ရံတော်ကင်မ်ကလွဲလို့
ဖခမည်းတော်စေလိုက်သော
အခေါ်တော်များနှင့်
ရှိရင်းစွဲအခြွေအရံများအလုံးစုံ
ပြန်လွှတ်လိုက်လေသည်။မျက်စိနောက်လွန်း၍.....
"ယောင်း သွားကြမယ်"
"မှန်လှပါ မင်းသား
ကျွန်တော်မျိုး ဒီအရာတွေ
သိမ်းဆည်းခဲ့လိုက်ပါ့မယ်"