"ဝှားးး.........."
"ထယ်! လေးတယ်ကွာ! လာမခွနဲ့!"
"ရှူးး......"
မနက်လေးနာရီလောက်
အချိန်ကြီးတွင်
သူငယ်ချင်းကောင်းလေးကြောင့်
ဂျောင်ဂုတို့ မျက်စိကြောင်နေရပြီ"ဟိုဘက်မှာအကျယ်ကြီးလေ...."
"ရှူး....."
ယောက်ျားလေးတွေချည်း
တစ်ခန်းတည်း စုအိပ်တယ်ဆိုသော်ငြား
နှစ်ယောက်ကတော့
သိသိသာသာကို ပူးကပ်နေတော့၏...၊"ဟေ့ကောင် ဟိုဘက်တိုးလို့ဆိုနေ!"
"ရှူးး...ရှူးး....."
မှောင်မှောင်မည်းမည်းထဲ
မမြင်မစမ်းနှင့် ဂျောင်ဂုပါးပေါ်
လက်ညိုးနှင့်ဖိကပ်လျက်
ပိုလို့ပင် ခွလာသေးသည်။တခြားသူတွေ အိပ်နေတုန်းမို့
အနှောက်အယှက်ဖြစ်မှာစိုး၍
အသံနှိမ့်ပြောနေလည်းမရတစ်ကိုယ်လုံး တက်ဖိလုနီးပါး
အားရပါးရ ခွဖက်ထားကာ
လက်ကလည်းအငြိမ်မနေ
လက်ညိုးတစ်ချောင်းနှင့်
ဂျောင်ဂုမျက်နှာအနှံ့လိုက်ထိုးလျက်
ပါးစပ်ကလည်းတရှူးရှူးဖြင့်
အသံမထွက်ရန် အချက်ပြနေသေးသည်....ဒီပုံစံအတိုင်းဆို
ဂျောင်ဂုတစ်ယောက်
ဆက်လည်း အိပ်ပျော်မှာမဟုတ်တာမို့...၊ထယ် ခွရန် သူ့ခေါင်းအုံးအစားထိုးခဲ့ကာ
မသိ,မ,သာ လှိမ့်ထွက်လာလိုက်သည်။ထယ် ကတော့
ခုနကအိပ်ရေးဖျက်တာ သူ မဟုတ်သလို
ပြန်အိပ်မောကျနေလျက်....၊~~~~~~~~~~~~~
"ဟူးး အိပ်ကောင်းခြင်း
လည်းမအိပ်ရဘူး ငါ့နှယ့်
တကယ်ပါပဲ......!"မနက်လေးနာရီဆိုသော်လည်း
မှောင်မည်းနေသည်မှာ ညအတိုင်း......၊ဂျောင်ဂုတို့ တည်းခိုဆောင်၏
စင်္ကြန်လျှောက်လမ်း
မျက်နှာကျက်တွင်တော့
ဖန်မီးအိမ်များတပ်ဆင်ထားသော်လည်း
အနည်းငယ်သာ လင်းကာ
အများစုမှာ ကျွမ်းနေလေပြီအချို့မီးအိမ်များဆို မှိတ်တုတ် မှိတ်တုတ်....