9

46 3 0
                                    

ဂျိုဆွန်းနယ်စပ်မှ‌တစ်ဆင့် တဖြည်းဖြည်း မြို့အတွင်းပိုင်းသို့ဦးတည်လျက်
ကျယ်ပြောလှသည့်ပြည်မ,ဈေးတန်းကြီးအား ဖြတ်ကျော်လာခဲ့ရကာ
နောက်ဆုံးမှတ်တိုင်ဖြစ်သည့် နန်းတွင်းသို့ရောက်ချိန်တွင်တော့ နေ၀င်ရီတရောပင်ဖြစ်လုလု.....၊

ခြေလျင်စစ်သည်နှင့်‌အ‌စောင့်ရဲမက်အချို့မှာလည်း တာ၀န်ကျေပြီမို့
ခရီးစဉ်ဆုံးသည်နှင့် အစီအရီထွက်လင့်ကြကာ လမ်းညွှန်ပုဂ္ဂိုလ်နှင့်ပညာ‌တော်သင်တို့သာလျှင်ကျန်ခဲ့တော့၏။

"ဒါကတော့သခင်လေးတို့နားနေဖို့အဆောင်ပါ...လိုအပ်သည်မရှိပြင်ဆင်ပေးထားပါတယ် ရေချိုးဆောင်ကိုတော့
ဟောဒီကနေ အနောက်တည့်တည့်သွားရင် ဝါးရုံတွေနားမရောက်မီတွေ့ရပါလိမ့်မယ်"

"ကောင်းပြီ"

"......"

"ဘာအရေးကြီးမှာစရာများကျန်‌သေးလို့လဲ..."

မှာစရာရှိသည်တို့မှာကြားပြီးသည့်တိုင် မပြန်ဘဲ
ပြောစရာကျန်နေသေး‌သော်ငြား
တစ်လုံးတပါဒမျှထွက်မလာ
အကြည့်တို့သာဂဏှာမငြိမ်ကာ ပြောသင့်မပြောသင့်စဉ်းစားနေပုံပေါ်တာမို့ သခင်လေးJeonက လမ်းစ,ပေးလာသည်။

"အာ... ရေချိုး‌ဆောင်အနောက်ဘက် ဝါးတောကိုမစူးစမ်းကြဖို့‌တော့ မေတ္တာရပ်ခံပါရစေ...."

လမ်းညွှန်ပုဂ္ဂိုလ်ရဲ့အမှာစကားကြားပြီးသည်နှင့်တပြိုင်နက် အချို့မှာမလိုက်နာချင်သဖွယ် မဲ့ကြရှုံ့ကြကာ အချို့သခင်လေးအသီးသီးတို့ထံမှလည်း ဆရာလုပ်သည်အထင်နှင့်စကားသံတို့က ရှေ့‌ဆင့်နောက်ဆင့်ကရားရေလွှတ်ထွက်လာကြ‌လေသည်။

အင်းလေ....သာမန်အရှိန်အဝါတွေမှမဟုတ်ကြဘဲ.....၊

"အိုက်ယားး တင်းကြပ်လိုက်တာ"

"ဘာလို့ပါလိမ့်"

"ဘာကြောင့်များလဲ သိခွင့်ရှိမလား...?"

"လျို့ဝှက်နေရာမို့လို့နေမယ်"

"မဖြစ်နိုင်တာ..."

"ပါးစပ်ရာဇ၀င်‌‌တို့လိုမျိုးရှိကြလို့နေမပေါ့"

"ဟို.....အဲ့ဒီ့သဘောမျိုးပါပဲ..."

💭နေ့ညအိပ်မက်ငယ်Where stories live. Discover now