Ep3🖤

1.6K 85 4
                                    


ညရောက်တော့ ထမင်း စားဖိူ့ အခက် တွေ့နေတဲ့ သူတို့နှစ်ဦး

"သခင်လေး မမ လေးဆီမှာပဲ သွားစားရအောင် .."

"အင် အဲ့လို လုပ်ရတော့မှာပေါ့.."

"ဟုတ်..",,

ဆိုတော့ နှစ်ယောက်သား  ထွက်လာဖို့ ပြင်နေတော့သည်

ဂျွန်ကတော့ Condo အောက် ရောက်နေပေမယ့် သခင် လေးကတော့ဆင်းမလာသေး လူတွေရှိရင်မသုံးသင့်တဲ့အစွမ်းတွေကို ထိန်းထားရမှာဆိုတော့ သခင် လေးလည်း မလုပ်လောက်ဘူးဆိုပြီး တွေးကာ စိတ်ရှည်ရှည်နဲ့ ဆကိစောင့်နေလိုက်တယ်

"သွားမယ်..",,

ဆိုပြီး ပြောလာတဲ့ သူကို ဂျွန်ကြည့်မိတော့
ညကြီး မိုးချုပ်ကိုလျာထိုး ဦးထုပ် အမဲရောင်ရယ်
သခင်လေးဝတ်နေကျ အနောက်တိုင်းဝတ်စုံ ကုတ်အကျရယ် နတ်တိုင်မပါပဲ သူ့အရပ်နဲ့ လိုက်တဲ့ ဘောင်းဘီရှည်ရယ် ပြီးတော့ ရှုးဖိနပ် ကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး Mask ပါတပ်ထားတာကြောင့် ကြည့်ရတာ အဆင်မပြေလှ

"သခင်လေး Mask က ?"

"တော် မရှည်နဲ့ .."

"....",,

ဂျွန်လည်း ပြောမရတော့ပဲ  ဂျွန်လည်း ကားဒရိုင်ဘာကို အချက်ပြတော့ ကားတံခါးကိုဖွင့်ပေးတော့သည်

ကားကို BMW FORD MERCEDES- BENZ CHEVEROLET အမျိုးအစား ကို အနက်ရောင် အဖြူရောင် ရရှိနိုင်တဲ့ အရောင်ထဲကနေ
BMW ကို အဖြူ နှစ်စီး အနက်တစ်စီးဝယ်ပြီး ကျန်တာကို တစ်စီးဆီ ဝယ်ထားသည်

ဒရိုင်ဘာကို တစ်ကားစီသီးသန့်ထားပြီး အဖေကို အရွဲ့တိုက် ဖို့တွက် ပြင်ဆင်နေသည်

ကားတွေကို မျိူးစုံဝယ်ထားပေမယ့် သူကိုယ်တိုင်တော့ မမောင်းတက်

" ဂျွန်"

"ဟူတ်.."

" ကုန်တိုက်တွေ ကို မင်းယူမလား.."

"သခင်ကြီးပေးထားတဲ့ ဟာတွေကိုတော့ ယူရတာပေါ့.."

"ငါပြောချင်တာ ငါ့ကုန်တိုက်တွေ ပြောတာ..",

"ဟာ သခင်လေးကလည်း မလိုချင်ပါဘူး အခုရှိတဲ့ဟာတောင် အနိုင်နိုင်.."

Vampire  Manner 〘Complete  〙Where stories live. Discover now