Ep10🖤(Z)⚠️

590 7 0
                                    

" ဂျွန် ကို့ကို ဘယ်ခေါ်လာတာလည်း.."

" လိုက်မှာသာ လိုက် စမ်းပါ သိလိမ့်မယ်.."

" အဲ့ဆို လည်း မျက်လုံးကိုတော့ မပိတ်ထားနဲ့လေ.."

"မရဘူး ပိတ်ရမှာ လာသွားရအောင် .."

ဂျွန် သော်ရဲ့ လက်ကို ဆုပ်ကိုင်ကာ ရောက်နေတဲ့ ကမ်းခြေ တစ်ခုနားရဲ့ hotel ဘက်ကိုသွားပြီး သူပြင်ဆင်ထားတဲ့အဓိကနေရာကို သွားတယ်

" ဂျွန် ရပြီလာ ကို မူးလာပြီ.."

"ဟင့်အင်း ခနလေး..."

"....."

၁၅ မိနစ်လောက် လမ်းလျောက်သွားတော့ ရောက်ချင်တဲ့နေရာကိုရောက်လာတော့တယ်
ဂျွန်လည်း သော်လက်ကိုလွတ်ပြီး မျက်လုံးစည်းထားတာကို ချွတ်ပေးလိုက်တယ်

သော် မျက်လုံး စည်းခံရတော့ မူးနေတာကြောင့် ချွတ်လည်းပေးရော မြန်မြန် ခေါင်းခါပြီး ဖွင့်ကြည့်လိုက်တယ်
သူမြင်ရတာက

ပင်လယ် ကမ်းခြေတစ်ခု ပြီးတော့ အဘေးနားလေးမှာ စားသောက် စရာတွေ နဲ့ပြည့်နေတဲ့ စားပွဲ သူ့ရဲ့မျက်နာချင်းဆိုင်မှာတော့ သူ့ရဲ့ ပုံနဲ့ ချိတ်ပြီး အဘေးမှာ I wanna kiss you ဆိုပြီး စာလုံးက ကပ်ပါသည်
ပြီးတော့ ညာဘက်အပေါ်နားမှာလည်း မီးရောင်တွေ ဆင်ထားပြီး အိပ်ယာကုတင်တစ်လုံးပါ ရှိသေးတယ်

ပေါကြောင်ကြောင် စာသားနဲ့ အပြင်အဆင်ကိုကြည့်ပြီး သော်ရီချင်သွားတယ်
သူရီချင်တာကို မနည်းအောင့်ထားတုန်း

" သော်  ကြိုက်လာ.."

"ဖလူး..ဟားဟား ...."

သော်က ခပ်မိုက်မိုက်ပုံစံနဲ့ ဟန်ပြင် ကာ  ယုံကြည်မူအပြည့်နဲ့ ပြောလာတဲ့ ဂျွန်ကိုကြည့်ပြီး အသံထွက်အောင် ရီလိုက်မိတော့သည်
ဂျွန်လည်း သူ့ကို ကြည့်ပြီး ရီနေတဲ့ သူကိုကြည့်ပြီး ကြောင်အလျက်

" သော် ဘာဖြစ်လို့လဲ.."

" ဟားဟား  မင်းလုပ်ထားတာလည်းကြည့်ဦးလေ ဟားဟား ကလေးအကွက်တွေနဲ့..ပြီးတော့ဘာတဲ့ love you မဟုတ်ပဲ kiss you တဲ့.."

သူ့ကို ရီနေတဲ့ သူကိုကြည့်ပြီး သူစိတ်မဆိုး
အချစ်ကြောင်းမသိလို့ လိုင်းပေါ်ရှာရင်း တွေ့တာ ကိုကြည့်ပြီး သူလိုက်လုပ်ခဲ့တယ် ပြီးတော့ ပိုရိုမန့်တစ် ကျအောင် ကမ်းခြေကိုရွေးပြီး အပြင်ဆင်တွေကိုလည်းစိတ်တိုင်းကျလုပိခဲ့တယ်
ပြီးတော့စာသားကိုလည်း I love YOu ထက် သူက kiss ကိုပိုသဘောကျတာကြောင့် သူ့ဘာသာပြင်ခဲ့ခြင်း

Vampire  Manner 〘Complete  〙Where stories live. Discover now