Ep19(Z)🖤

210 10 0
                                    

သိမ် ဆီကအဖြေရတယ်မရတာကိုသူမသိတော့
နောက်မနက်အတွက် သိမ်ကိုဖြည့်ဆည်းပေးနိုင်ဖို့ကိုသာအတွေးရောက်နေမိတယ်

" ကို ကိုရေ..
ထမင်းစားလို့ရပြီ လာတော့"

ဒရစ် ဖုန်းတစ်လုံးနဲ့အလုပ်ရှပ်နေတုန်း သိမ်ခေါ်သံကြားတော့ ဖုန်းကိုချပြီး မီးဖိုခန်းထဲကို ဝင်လာပြီး

"လာကို ကိုကြိုက်တဲ့ ကြက်သားကို ဆီပြန်ချက်ထားတယ်
ကိုနဲ့ သားလေးရဲ့ အကြိုက်ကတူတော့ သိမ်မှတ်ရလွယ်တယ်
ပြီးတော့ အကိုတို့က အသီးအရွက်ကိုတော့ မကြိုက်ကြဘူးလေ"

ဇွန်းကို ဟိုမြောက်လိုက်ဒီမြောက်လိုက်နဲ့ ပါးစပ် ကလည်းတပြောပြောနဲ့ လုပ် နေတဲ့သိမ်ကိုကြည့်ပြီး ဒရစ်ခါးထောက်ကာ

" ကိုဘာပြောထားလဲ သိမ်"

"ဟင် ဘာကိုလည်း"

"ကျစ် နောက်ထပ် မီးဖိုခန်းကို မဝင်ဖို့ပြောထားတယ်လေ"

" အော အဲ့တာက ဘာဖြစ်လည်းကိုရယ်
သိမ်က ချက်ပြုတ် ရတာအကျင့်ဖြစ်နေပြီ
ထားလိုက်တော့ လာထမင်းစားမယ်"

"တော်! ကိုမစားတော့ဘူး"

" ဟော တနေကုန်ဘာမှလည်းမစားရသေးဘူးမလား "

".....",,

သိမ်ပြောနေပေမယ့် ဒရစ်ကတော့ အခန်းထဲကို ဝင်သွားလိုက်တော့သည်

" ငါ သူ့ကိုရီမိလို့များ အခုလို ဖြစ်တာလားမသိဘူး"

သိမ်လည်း သူထင်တာသူတွေးပြီး နို့တစ်ခွက်ကို သောက်လိုက်သည်
ထို့နောက် နို့ပူပူတစ်ခွက်ကို ယူပြီး ဒရစ်ရှိတဲ့အခန်းထဲကိုယူသွားတော့သည်

---------------

သိမ်းခတ်တစ်ယောက် Condo မှာကျန်ခဲ့ပြီး ထားခဲ့ပေးထားတဲ့ အကူတွေကို အကုန်ခေါ်လိုက်သည်

" သိမ်းခတ် မနက်မထခင်အချိန်ထိ ဆူညံ သံတွေမကြားချင်ဘူး
သိမ်းခတ်ပါးပါး လုပ်နေကျအသံနဲ့မတူရင် စိတ်ရှုပ်လို့"

အကူတွေ  ဆယ်ယောက်ထားပေးခဲ့တာမို့အကုန် ရပ်နေကြပြီး သိမ်းခတ်စကားကို နားထောင် နေကြသည်
သူတို့ အိမ်တော်မှာ နေတုန်းက သူတို့သခင်လေး ဂျွန်ပြောခဲ့တဲ့စကားလုံးတွေလိုပင် နာခံစိတ်က အလိုလိုဝင်လာရတော့
တော်တော်လေး တုန်လှုပ် မိသည်

Vampire  Manner 〘Complete  〙Where stories live. Discover now