သိမ် သူမလာဖြစ်တာကြာပြီဖြစ်တဲ့ ကော်ဖီ ဆိုင်လေးထဲကို ခြေချ ဖို့ ဝန်လေးနေသည်၊၊
သို့သော် ရင်ဆိုင် စရာတွေ ရှိနေတာမို့ အားခဲပြီး ဝင်သွားလိုက်တော့သည်၊၊" ဟင် သိမ် ..
သိမ်တကယ်လာတယ်နော် ကို ကို ထင်နေတာ သိမ်များ လာပါ့မလားလို့."သိမ်ရဲ့ လက်သေးသေးကို ဆွဲပြီး အရမ်းတွေ့ချင်လွန်းတဲ့ ဆန္ဒ တွေ ပြင်းပြနေတဲ့ပုံစံနဲ့
ရဲမင်းညို..." လွတ်ပါ ကျွန်တော့်ကို စကားပြောစရာရှိတာ ပြောကြတာပေါ့"
" အင်းပါ ထိုင်"
သိမ်လည်း ခုံမှာဝင်ထိုင်ပြီး စိတ်ကိုတင်းထားလိုက်သည်၊၊
" သိမ်လေး..."
"......"
"သိမ်လေး တော်တော် ပြောင်းလဲ သွားတယ်နော်"
"........"
"သိမ်လေး"
" ပြောစရာရှိတာသာ ပြောပါ"
သိမ်ကြားဖြတ်ပြောလိုက်တော့မှ
" အင်းပါ ..
ဟိုလေ သိမ်တို့ အခု ဘယ်မှာ နေကြတာလည်း
ပြီးတော့ ကို့ရဲ့သားလေးကော"" ဒီမှာ
သားလေးက ကျွန်တော့်သားလေးပါ
ကျွန်တော်တစ်ယောက်ထဲ မွေးထားတာ"သိမ်လက်ကို ဖိရင်းဆိုလိုက်ကာ
တစ်ဖက်လူကလည်း နားထင်ကြောများထောင်တက်လာသည်၊၊" သိမ်လေး
သားက ကို့သားမှန်းသိပါတယ်
ပြီးတော့ ကို သိမ်လေးပေါ် မဖွယ်မရာ..""တော်တော့ ကိုရဲမင်းညို"
သိမ်အတိတ်က အရာကို မေ့ပျောက်လုနီးနီးပါ၊၊
" သိမ်လေး ကိုတောင်းပန်ပါတယ်ကွာ
ဖြစ်နိုင်ရင် ကို့ကိုလေ ပြန်လက်ခံပေးပါနော်"ရဲမင်းညို သိမ်အပေါ် ညင်သာတဲ့ စကားလုံးကိုသာ သုံးပြီး ချော့ပြောနေလေသည်၊၊
သိမ်ကတော့ တစ်ခွန်းမှမဟ၊၊" သိမ်လေး
သားလေးကို ကိုနဲ့တူတူ ပျော်ရွင်တဲ့ မိသားစု လေးဖြစ်အောင် ဖန်တီး ကြမယ်လေ"" မလိုပါဘူး..
ပြီးတော့ ပြောစရာတစ်ခုရှိတာက
သိမ် လက်ထက်လိုက်ပြီ"