အဲ့နေ့ကစလို့ နောက် ရက်တွေမှာလည်း အရာအားလုံးအဆင်ပြေခဲ့သည်၊၊ဒရစ် ဒွန်ကိစ္စကော သိမ်းခတ် ရဲ့ ဖြစ်ပျက်သွားတဲ့အရာအားလုံးကိုကော သူ့ဒယ်ဒီ ဆီကနေ အားလူံးသိသွားပြီ မို့ သိမ်ကို အသိမပေးပဲ သိမ် ပျော်ရွှင်ဖို့သာ လုပ်ပေးနေသည်၊၊
လတွေကြာလာတော့ သိမ်ရဲ့ ဗိုက်က ပူပူလေးထွက်လာတော့သည်၊၊
တစ်နေ့" သိမ်ရာ ကို့ကို စိတ်မဆိုးပါနဲ့တော့ နော်"
" လာမချော့နေပါနဲ့
သွား "" သိမ်ရယ် ကိုက တမင်မကျွေးတာမဟူတ်ပါဘူး သိမ် က ဗိုက်နဲ့လေ အစပ်တွေ စားရင် ဗိုက်နာပြီး တော်ကြာတစ်ခုခု ဖြစ်မှာဆိုးလို့ပါ"
" သွားပါ သိမ် စားချင်တာကို တမင်မကျွေးတာသိပါ့ "
" သိမ်ရယ်"
တီ..တီ..တီ...
" ပြော ဂျွန်"
" ဒီမှာ သခင်လေး သော်က သိမ်နဲ့ တွေ့ချင်တယ် တကဲကဲလုပ်နေတာ ခနလောက်ခွင့်ပြုလိူက်ပါနော်"
" တော်!
ဒီနှစ်ယောက်က တွေ့ရင် ခိုးပြီး အစပ်တွေ စားနေကြတာ တားမှ ရတော့မယ်"" ဆိုပေမယ့် လည်းပေါ့ သခင်လေးရယ် ဒီမှာ တဂျီဂျီနဲ့ နားပူနေလို့ပါ နော် "
" ဟာ ကျစ်"
" ကိုကို ရေ ကိုလေးဂျွန် ဖုန်းဆက်တာမလား"
သိမ်က ခုံပေါ်မှာ Tv ကြည့်ရင်း စတော်ဘယ်ရီ သီးစားကာသူ့ကို လှည့်ပြီး ပြောလာတော့
" မဟူတ်ဘူး"
သူငြင်းပေမယ့် သိမ်ကတော့ ဗိုက်လုံးလုံးလေးနဲ့ တတက်တက်လျောက်လာပြီး သူ့ဆီက ဖုန်းကို လုကိုင်ပြီး
" ကိုလေး ဂျွန်လာ"
" ဟာ ဟူတ်ပါ့ဗျာ "
" အင်း အဲ့တာဆို အတော်ပဲ သော်ကို ခေါ်ပြီး လာခဲ့ပါလား သိမ်ပျင်းလို့"
"သိမ်!"
ဒရစ်အော်လိုက်တော့ သိမ်က ဒရစ်ကိုကြည့်ပြီး မျက်စောင်းထိုး ကာ
" မြန်မြန် လာနော် "
တီ.. ဆိုပြီး ဖုန်းချ ကာ ဒရစ်ကို ဖုန်းလှမ်းပေးရင်း တခါတည်း ဒရစ်ကိုပါ မျက်စောင်းထိုး ပြီး ဗိုက်ပူပူလေး ကို ပွတ်သာထွက်သွားပြီး စတော်ဘယ်ရီ သီးကို ဆက်ပြီးစားနေလေသည်၊၊