Ep24(z)🖤

137 1 0
                                    


ဒရစ်သူ ဂျိုးဆီရောက်သွားခဲ့သည်၊၊
သို့သော် မျက်နာများမကောင်းတာတွေ့တော့
စိတ်ထဲ မတင်မကျ..

" ဟိုမိန်းကလေးကော"

" အခန်းထဲမှာ"

" ငါ မေးစရာရှိလို့ စကားပြောလို့ရမလား?"

ဂျိုးကတော့ သက်ပြင်းချ ကာ

" ပြောကြည့်ပေါ့"

ဆိုပြီး အခန်းထဲကို သွားလိုက်သည်၊၊
အခန်းထဲရောက်တော့ အိပ်နေတဲ့ သက်ထားကိုအသာလေး လှုပ်နိုးကာ

" ကလေး ကလေး"

"........"

သက်ထားကလည်း အရင်ကလို သိပ်အခြေနေမဆိုးတော့ သိပ်မကြောက်တော့ပေ၊၊
လှုပ်နိုးနေတဲ့ ဂျိုးဘက်ကို အသာလေးလှည့်ကာ

" အင် မမ"

" ဟို ဟိုလေ
မမရဲ့ ကိုကိုက ကလေးနဲ့ ပြောစရာရှိလို့တဲ့"

"ရှင်"

သက်ထား လန့်နေသည်၊၊
အစ်ကို ဆိုကတည်းက ဂျိုးနဲ့ တူတူပဲဆိုတဲ့အတွေးက ဝင်လာတော့ တုန်လှုပ် သွားသည်၊၊
ပြီးတော့ ပြောစရာရှိတယ်ဆိုတော့ မည်သည့်အကြောင်းဖြစ်မလည်းဆိုတာကို တွေးရင်းကြောက်စိတ်ပိုလာသည်၊၊

"ဟင့်အင်း သက် မသွားဘူး သက်ကြောက်တယ်"

ငိုသံနဲ့ ပြောနေတဲ့ သက်ထားကို ကြည့်ပြီး ဂျိုးစိတ်မကောင်း၊၊

" ကလေး မမကိုကြည့်"

"......."

" မမတို့က ဒီလို လူသားမဟူတ်တာ မှန်ပေမယ့် ကလေးတို့အပေါ်မှာတော့ ဘာမှ မလုပ်ပါဘူးကွယ် "

"......"

" မမကို ယုံတယ်မလား"

သက်ထား သူ ဂျိုးကို ချစ်သည်၊၊
အရင်က ကြောက်လွန်ပြီး ခါးခါးသီးသီး ငြင်းထားတာကိုလည်း လက်ခံသည်၊၊
သို့သော် ဘဝမှာ မကြုံဖူးတဲ့ အရာတွေကိုတော့ မြန်မြန် လေး လက်သင့်မခံနိုင်၊၊

" မမ"

"အင် ပြောလေ ကလေး"

" တကယ် ဘာမှ မလုပ်ဘူးမလား
ဟို သက်ကို တစ်ခုခု"

" ကလေး !
ကလေးကို မမ ပြောထားပြီးသား
ဘာမှ မကြောက်ဖို့ကို ပြီးတော့ မမက ကလေးကိုချစ်တဲ့သူ ၊ မမ ဘဝနဲ့ ကျိန်ပြီးအာမခံတယ်"

Vampire  Manner 〘Complete  〙Onde histórias criam vida. Descubra agora