Description

7.2K 371 12
                                    

(အညွှန်း)

သုံးနှစ်ခွဲအရွယ် ဝိန်မြောင်မြောင်တယောက်
ပြန်ပေးဆွဲခံရပြီးနောက်တွင် ဝိန်တမိသားစု
လုံး သူမလေးအားပိုမိုဂရုစိုက်လာကြသည်။

သည်လိုနှင့် …..

ဖေဖေဝိန်သည် video conferenceပြုလုပ်
ပြီးနောက် မြောင်မြောင်၏ချွဲနွဲ့ခြင်းကိုခံ
လိုက်ရသည်။

“ဖေဖေ ဖေဖေ သမီးနဲ့ဆေးရုံမလိုက်ရင်
သမီး ဆေးစစ်မခံတော့ဘူးနော်”

“အင်းပါ အင်းပါ ဖေဖေ့သမီးလေးသဘော…”

ဆေးစစ်ချက်ရလာဒ်အရ ဖေဖေဝိန်သည်
အသည်းကင်ဆာ ပထမအဆင့်ရှိနေပြီး
အချိန်မှီ ကုသနိုင်သွားခဲ့သည်။

ဦးလေးဝိန်သည်လည်း မိသားစုနှင့်ခရီးသွား
မည်ဖြစ်ပြီး လေယာဉ်လက်မှတ်များပင်
ဖြတ်ပြီးမှ မြောင်မြောင်တယောက် တခြား
နေရာသွားချင်သည်ဆိုသောကြောင့်
ထိုခရီးအားဖြတ်လိုက်သည်။

ထိုဖျက်လိုက်သောလေယာဉ်သည် ပျက်ကျ
ကာရှင်သန်သူမရှိခဲ့ပေ။ဤတကြိမ်တွင်
လည်း မြောင်မြောင်ကအိမ်သားများကို
ကယ်တင်ခဲ့သည်။

အကြောင်းမှာ မြောင်မြောင့်တွင် ဘယ်သူမှ
မသိသော system မမ တယောက်ရှိ
သည်။သူမသည် မြောင်မြောင်တို့မိသားစု
ထိခိုက်မည်ဆိုတိုင်းပေါ်လာကာ ကံကြမ္မာ
အားပြောင်းလဲပေးသည်။

သည်လိုနှင့် သူမသည် မြောင်မြောင်တို့
မိသားစု၏ကြွယ်ဝချမ်းသာမှု၊ချစ်ခင်ခံရမှု၊
ကံကောင်းမှု စသည်တို့ကိုတိုးမြှင့်ပေး
သည်။

မြောင်မြောင့်တွင် အတန်းဖော် ဝတုတ်လေး
တယောက်ရှိသည်။ထိုဝတုတ်လေးအနိုင်
ကျင့်ခံရချိန်တွင်သူမကဘေးမှကာကွယ်
ပေးသည်။

ထို့နောက် systemမမ၏အကူအညီဖြင့်
ထိုဝတုတ်လေးအားဝိတ်ကျစေခဲ့သည်။

ထိုကောင်လေးသည်ဝိတ်ကျပြီးနောက်
ခန့်ညားချောမောသည့် ကောင်လေးဖြစ်
လာကာ အနာဂတ်တွင် မြောင်မြောင့်၏
ချစ်ရသူဖြစ်လာပေလိမ့်မည်…………

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now