chapter 4 :
ကလေးသုံးယောက်လုံး လူကြီးများ၏ နောက်တွင် ကာတွန်းကားအား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်ရှုလို့နေ၏။
ရှုံသာ့ ရှုံအယ်တို့သည် မြောင်မြောင်၏ ဘေးတစ်ဘက်တစ်ချက်တွင် ထိုင်၏။ ရှုံသာ့နှင့် မြောင်မြောင်တို့သည် ကာတွန်းအကြောင်း ပြောလို့နေ၏။ သူတစ်ယောက်တည်း ဘေးရောက်နေတယ်လို့ တွေးမိရင်း မကျေနပ်သူ ရှုံအယ်လေးက ကြားဖျက် ဆိုလိုက်သည်။
"ရှောင်ကူးကူး... ရှောင်ကူးကူးက ဒီနေ့ အရမ်းလှတာပဲ"
"ငါက အမြဲတမ်းလှနေတာပါနော်"
မြောင်မြောင်သည် ရှုံအယ်ဘက်ကို လှည့်ကြည့်ကာ ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် ရှောင်ကူးကူးလေးက အမြဲတမ်း လှနေတာပါ"
ရှုံအားသည် မျက်နှာချိုသွေးကာ အလျင်အမြန်ပြန်ဖြေလိုက်၏။
မြောင်မြောင်ကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးသော အပြုံးကြီးဖြင့် ပြုံးလို့နေတော့သည်။ သူမသည် ကုလားထိုင်လေးပေါ်တွင် ထိုင်လျက်ရှိပြီး သူမဝတ်ဆင်ထားသော စကပ်လေးကို ကိုင်ကာ ဆိုလိုက်သည်။
"ဒါက မေမေ ငါ့အတွက် ဝယ်ပေးထားတာလေ ...အရမ်းသဘောကျတာပဲ"
ရှုံသာ့သည် မြောင်မြောင်၏ အဝတ်အစားများကို ကြည့်ရင်း ခေါင်းညိတ်လျက် ကြားဖျက်ကာ ဝင်ထောက်ခံလိုက်၏။
"အရမ်းကြည့်ကောင်းတယ်... ငါသာ မိန်းကလေးဆိုလည်း အဲ့လိုစကပ်မျိုးလေးကို ဝတ်ကြည့်ချင်မှာပဲ"
"အာ့ဆို ကိုကိုကြီးနဲ့ မရီးကို သွားပြောလေ... သူတို့ နင့်အတွက် သေချာပေါက် ဝယ်ပေးမှာပါ"
ရှုံသာ့ : "...... "
ဘယ်နေရာက မှားသွားတာပါလိမ့် မှန်လည်း မှန်သလိုလိုနဲ့ တစ်ခုခုတော့ လွဲနေသလားလို့?
မြောင်မြောင်သည် ထိုင်ဖို့လုပ်နေစဉ် သူမ၏ ပန်းနုရောင် ခြေအိတ်လေးကို ခေါင်းငုံ့ကာ ကြည့်မိလိုက်သည်။ ထို့နောက် သူမ စိတ်ထဲ၌ သိချင်နေသော မေးခွန်းလေးတစ်ခုကို လှမ်းမေးလိုက်၏။