Chapter 28

1.2K 113 1
                                    

Chapter - 28
 
မြောင်မြောင် စိတ်ထဲတွင် 
“system မမ ပိန်းဥ နံပါတ်တွေက မနီပါဘူး ဘာလို့အန္တရာယ်ရှိနေတာလဲဟင်??” 
ဟု မေးလိုက်သည်။
 
system မမ : “မြောင်မြောင် ချစ်ခင်မှုရာခိုင်နှုန်းကိုကြည့်လိုက် 79 ဖြစ်နေပြီ သူပိန်လာကတည်းကရာခိုင်နှုန်းက တဖြေးဖြေးတိုးလာတာ ဒီပုံနဲ့ဆို မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါလောက်ဆို အန္တရာယ်ရှိအဆင့်ဖြစ်နေပြီ”
 
မြောင်မြောင် : “အဲ့လိုဆို မမပြောဖူးတာက မိသားစုတွေ ဇနီးတွေကို ထိခိုက်စေတယ်ဆို အခု ပိန်းဥကမိန်းမရှိဘူးလေ”
 
system မမ : “အဲ့ဒါက လက်ထပ်ပြီးသားယောက်ျားလေးတွေကို ပြောတာ မြောင်မြောင်ရဲ့ ခုကျ ကလေးလေးကိုအဲ့လောက်လူကြိုက်များနေရင် အန္တရာယ်ရှိတယ်လေ”
 
မြောင်မြောင် : “ဟင် ပိန်းဥက ချောတာပဲဟာ ဘာလို့လူကြိုက်များလို့မရတာလဲ?”
 
systemမမ : “မြောင်မြောင် ကလေးတွေဆိုတာ 50%အောက်မှာပဲရှိသင့်တာ ရှုံသာ့ ရှုံအယ်ဆို 37 လေ ချင်းယွီလည်း အစက 40 ပဲရှိတာ ခုမှ တဖြေးဖြေးများလာတာ”
 
“အဲ့လိုဆိုတော့ မြောင်မြောင်ဟိုတစ်ခါ ဓာတ်ပုံရိုက်တုန်းကလိုမျိုး အလုပ်ခံရမှာကြောက်ရတယ်”
 
ထိုစကားကိုကြားသောအခါ မြောင်မြောင်ချင်းယွီအတွက် အလွန်စိတ်ပူသွားသည်။
 
 
system မမ : “အရင်ဆုံး ချင်းယွီကို အခြေအနေအသေးစိတ်မေးကြည့်ပေါ့”
 
မြောင်မြောင် : “ပိန်းဥ နင်ငါ့ကို အသေးစိတ်ပြောပြပါ့လား?”
 
ချင်းယွီ : “ငါ ခုတလော ငါ့ကိုတစ်ယောက်ယောက်က လာထိနေသလိုခံစားနေရတယ် ပထမဆုံး ခံစားရတာက ငါတို့အိပ်နေကြတုန်းကလေ နင်တို့တွေကအိပ်နေပြီ ငါ့ကိုယ်ကို တစ်ယောက်ယောက်က လာထိသလိုခံစားလိုက်ရတယ် ငါနိုးလာတော့ ဆရာမချန်တစ်ယောက်တည်းရှိတာ သူကလည်း အဝေးကြီးမှာ..သူကငါ့ကိုဘာဖြစ်တာလဲလို့မေးတယ် ငါလည်း ကြောက်လို့ဘာမှမပြောလိုက်ဘူး”
 
“ညကျ ငါအဲ့လိုအိမ်မက်ထပ်မက်တယ် နောက်တစ်နေ့ကျောင်းမှာအိပ်တော့လည်း အဲ့လိုထပ်ခံစားလိုက်ရတယ် ကြည့်ရတာငါသရဲခြောက်ခံနေရတာထင်တယ်”
 
မြောင်မြောင် : “ဟာ… မဟုတ်တာ ငါ့မေမေကပြောတယ် သရဲကတကယ်မရှိဘူးတဲ့”
 
မြောင်မြောင်တစ်ယောက် နှစ်သိမ့်ပေးနေသော်လည်း သူ့ခမျာ ကြောက်ရွံ့မှုကိုဖုံးထားရပြန်သည်။
 
မမြင်ရတဲ့သရဲပဲနေမှာပေါ့”
 
မြောင်မြောင် : “စိတ်မပူပါနဲ့ဟာ ငါ ဒီနေ့လယ် မအိပ်ပဲစောင့်ကြည့်မယ် နင်လည်း အိပ်ချင်ယောင်ဆောင်နေလိုက်”
 
 
မြောင်မြောင် : “နင်ကလည်းဟာ ဒီတိုင်း မျက်လုံးပိတ်ထားပြီး ပျော်စရာအကြောင်းတွေပဲ စဉ်းစားနေလိုက်”
 
ချင်းယွီ : “အေးပါ အေးပါ”
 
ချင်းယွီသည် အိပ်နေရင်းနှင့် ထူးဆန်းတဲ့အထိအတွေ့ကိုခံစားလိုက်ရပြန်သည်။ ထို့နောက် သူ၏ဘောင်းဘီပေါ်သို့ ရေအေးများကျလာသည်ကို ခံစားလိုက်မိသည်။ ထို့နောက် အပေါ်အင်္ကျီအချွတ်ခံနေရသည်ကို ခံစားရပြန်သည်။ သို့သော် ချင်းယွီသည် မျက်လုံးများလေးလံနေသောကြောင့် မျက်လုံးဖွင့်မရပေ။ ထိုအချိန်တွင် system မမ မှမြောင်မြောင့်အား အတင်းနှိုးတော့သည်။
“မြောင်မြောင် မြောင်မြောင်!!! ထတော့ ထတော့ နင့်အနာဂတ်ယောက်ျား အနိုင်ကျင့်ခံနေရပြီ မြန်မြန်ထတော့”
 
မြောင်မြောင် : “ဟမ် system မမ ဘာဖြစ်လို့လဲ??”
 
system မမ : “ချင်းယွီ အနိုင်ကျင့်ခံနေရပြီ!!”
 
မြောင်မြောင်အတင်းအဓမ္မ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဆရာမချန်သည်ချင်းယွီ
အင်္ကျီများအား ချွတ်နေသည်ကို အံ့ဩစွာတွေ့လိုက်ရသည်။
 
“ဆရာမချန်!!!!! ဒါဘာလုပ်နေတာလဲ??”
ထိုကဲ့သို့ အကျယ်ကြီးအော်လိုက်သောအခါ ဆရာမချန်လန့်သွားသော်လည်း ချက်ချင်းပင်ပြုံးပြီး 
“သားလေးချင်းယွီက အိပ်ရာပေါ်ရှူးပေါက်ချလို့ ဆရာမက လဲပေးမလို့လေ” 
ဟု ဖြေလိုက်သည်။
 
မြောင်မြောင် : “ဪ အဲ့လိုလား??” 
ဟု ပြောကာ စိတ်သက်သာရသွားတော့သည်။
 
ထို့နောက် ဆရာမချန်သည် ချင်းယွီဘောင်းဘီအား ချွတ်မလို့ပြင်လိုက်သည်။
 
မြောင်မြောင် : “ဆရာမချန် သူကအဝတ်အစားချွတ်ရတာမကြိုက်ဘူး သူ့ကိုပဲနှိုးလိုက်ပြီး အဝတ်လဲခန်းမှာ သွားလဲခိုင်းလိုက်မယ်နော်”
 
 
ထိုအခါမှ ချင်းယွီတစ်ယောက် အိပ်ချင်မူးတူးထလာခဲ့သည်။
 
 
“အင်း” ဟုဖြေကာ မြောင်မြောင် အင်္ကျီအပိုအား ချင်းယွီဆီသို့ လှမ်းပေးလိုက်သည်။
 
ချင်းယွီ အိပ်ရာပေါ်မှထလာပြီးနောက် ဆရာမချန်က သူ့အားဖက်မည်အလုပ် သူချက်ချင်း ထိုလက်အားဖယ်ထုတ်လိုက်သည်။
 
“ကျွန်တော့်အသားကို မထိနဲ့”
 
ဆရာမချန်ဆီမှ ဒေါသအကြည့်အား သတိထားမိသော်လည်း ချင်းယွီဂရုစိုက်မနေမိပဲ အဝတ်လဲခန်းထဲသို့ အဝတ်လဲရန်ထွက်လာခဲ့လိုက်သည်။
 
ထို့နောက် မြောင်မြောင်သည် အိပ်ချင်ယောင်ဆောင်နေလိုက်ကာsystem မမနဲ့စကားဆက်ပြောနေသည်။
 
system မမ : “သူ့ကိုသတိထားရမယ် တကယ်တော့ ချင်းယွီကိုထိကိုင်နေတာသူပဲဖြစ်မယ် တခြားကလေးတွေက အကုန်အိပ်နေတာလေ နောက်ပြီး ချင်းယွီက ရှူးမပေါက်ချပါဘူး သူကရေလောင်း
လိုက်တာ”
 
“ကြည့်ရတာ အဲ့ဆရာမက ကောင်လေးငယ်ငယ်လေးတွေကိုသဘောကျတဲ့နှာဗူးဆရာမဖြစ်ရမယ်”
 
ထိုအခါ မြောင်မြောင် ဆရာမချန်အား အရမ်းအမြင်ကတ်သွားသည်။
 
ချင်းယွီတစ်ယောက် အဝတ်လဲပြီးထွက်လာသောအခါ တခြားကလေးများလည်း အိပ်
ပြီးထွက်လာကြပြီဖြစ်သောကြောင့် ဟိုတလောက သူတို့အားခိုးချသည်ဟု စွပ်စွဲထားသောကောင်လေးမှ
ဟု လှောင်ပြောင်ပြောသည်။
 
ချင်းယွီလည်း အမှန်တကယ် သူရှူးပေါက်ချသည်ထင်နေသောကြောင့် ဘာမှပြန်မပြောနိုင်ပေ။
 
ထိုအချိန်တွင် မြောင်မြောင်ရောက်လာကာ
“နင်ဘာတွေလျှောက်ပြောနေတာလဲ?? ပိန်းဥက ရှူးမပေါက်ချဘူး သူ့အပေါ်ကို ဆရာမချန်က ရေလောင်းချလို့အင်္ကျီလဲထားရတာ!!! နင်ကတော့လေ ငါတို့ကို
တော်တော်မနာလိုနေတယ်ထင်တယ် အမြဲတမ်းအပြစ်ပဲလာပြောနေတာပဲ"
ဟု ချေပလိုက်သည်။
ကောင်လေး : “နင်တို့ နှစ်ယောက်လုံးက တကယ့်လူလိမ်တွေပဲဟ”
မြောင်မြောင် : “ငါတို့ကဘာလို့လိမ်ရမှာလဲ?! တော်ပြီ တော်ပြီ ငါတို့ကိုမနာလိုဖြစ်နေတဲ့သူနဲ့ စကားဆက်မပြောဘူး ပိန်းဥ လာ သွားမယ်” 
ဟုဆိုကာ ချင်းယွီလက်အားဆွဲပြီး ထွက်လာခဲ့သည်။
 
မြောင်မြောင် : “ပိန်းဥ နင်ဆရာမချန်ကို သတိထားနော် သူကနင့်ကိုလာထိကိုင်တဲ့သူပဲ ပြီးတော့ နင်ရှူးပေါက်ချတာမဟုတ်ဘူး ဆရာမချန်က နင့်ဘောင်းဘီပေါ်ရေလောင်းချထားတာ”
 
“နင်စဉ်းစားကြည့် ရှူးပေါက်ချရင် ဘောင်းဘီကပူနေမှာပေါ့ နင့်ဘောင်းဘီပေါ်ကရေက အေးနေတယ်မလား??”
 
ထိုအခါမှ ချင်းယွီတစ်ယောက် အဖြစ်မှန်ကိုသိသွားကာ သက်ပြင်းချလိုက်သည်။
 
မြောင်မြောင်သည် စိုးရိမ်စွာ 
 
ချင်းယွီ : “ငါ့မိဘတွေကို ပြောလိုက်မယ် ငါ့မိဘတွေက ဟိုတစ်ခါ ငါ့ကိုအနိုင်ကျင့်တုန်းကလဲ သူတို့ပဲဖြေရှင်းပေးတာလေ”
 
“ဝါး…. နင့်မိဘတွေက အံ့ဩစရာကောင်းလိုက်တာ!!!”
ဟု မြောင်မြောင်ရေရွတ်သောအခါ ချင်းယွီတယောက် အနည်းငယ်တောင် ရှက်သွားသည်။
 
နောက်တစ်နေ့တွင် တကယ်ပဲ ဆရာမချန်တစ်ယောက်ပျောက်သွားခဲ့သည်။
 
ထိုအချိန် မြို့အားရိုက်ခတ်သည့် အမှုကိစ္စတစ်ခုဖြစ်ပွားခဲ့သည်။
 
သည်လိုနှင့် နောက်အပတ် ကျောင်းဖွင့်သောအခါ မြောင်မြောင်တို့အတန်းပိုင်ဆရာမ ပြောင်းသွားပြန်သည်။
ကံကောင်းသည်က မူကြိုအရွယ်တွင် ကလေးများအား သင်ခန်းစာများ သိပ်မသင်ပေးသည့်အတွက် အားလပ်ရာဆရာမများမှ အတန်းဝင်ပေးနေရသည်။
သည်လိုနှင့် ဆောင်းဦးအားလပ်ရက်အပြီးတွင်တော့ မြောင်မြောင်တို့အတွက် အတန်းပိုင်ဆရာမတစ်ယောက် ရောက်လာခဲ့သည်။
ထိုဆရာမ နာမည်က ဆရာမယန်ပင်ဖြစ်သည်။ဆရာမယန်သည်အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး အရင်ကျောင်းတွင်လည်း နှစ်,နှစ်ကျော် ဆရာမအဖြစ် လုပ်ကိုင်ခဲ့ပြီးဖြစ်သည်။
အရင်အလုပ်မှထွက်လာရခြင်းကလည်း မိဘအိမ်နှင့်ကျောင်းအလွန်ဝေးနေသောကြောင့်ဖြစ်သည်။ဆရာမယန်သည် လွန်စွာချစ်စရာကောင်းလှသောကြောင့် ဆရာမဆိုသည်ထက် အမကြီးတစ်ယောက်လိုပင် ကလေးများအတွက် ခံစားရသည်။
 
တနင်္လာနေ့တွင် ဆရာမယန်သည် အတန်းထဲသို့ဝင်လာကာ
“ကလေးတွေအားလုံး မင်္ဂလာပါနော် ဆရာမကဆရာမယန်ပါ ဒီနေ့ကစပြီးကလေးတို့ကို တာဝန်ယူ
သင်ကြားပေးသွားမှာပါနော်” 
ဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
 
မြောင်မြောင်သည် ပါးဖောင်းဖောင်းနှင့်ဆရာမယန်အား တွေ့လိုက်သည်နှင့်ချက်ချင်းသဘောကျမိသွားသည်။
 
ဆရာမယန် : “ကဲ… ကလေးတို့ရေ ဒီတစ်ပတ်
ကျောင်းပိတ်ရက်မှာ ဆရာမတို့ short trip လေးတစ်ခု စီစဉ်ထားတယ် ဆရာမတို့ ဒီနားလေးက ကစားကွင်းဆီကိုသွားကြမယ် မင်းတို့လေးတွေက ဗိုက်ဆာတတ်တယ်ဆိုရင် မုန့်တွေယူလာကြနော်”
 
မြောင်မြောင်သည် ကစားကွင်းသို့သွားရမည်ဆိုသောကြောင့် အရမ်းပျော်နေခဲ့သည်။
ထိုနေ့သို့ရောက်သောအခါ ဖူ့ရုံသည်လည်း မြောင်မြောင့်အတွက် သရေစာ အိတ်တစ်လုံး
အပြည့် ထည့်ပေးလိုက်သည်။
 
မြောင်မြောင်သည် အဝါရောင်မင်းသမီးဂါဝန်လေးဝတ်ဆင်ထားပြီး ချစ်စရာအလွန်ကောင်းနေသည်။
 
ကျောင်းကနေ ထွက်ခါနီးတွင် ချင်းယွီနှင့်လက်ချင်းတွဲကာ ကားပေါ်သို့တက်လာကြသည်။
 
ကစားကွင်းသို့ရောက်သည်နှင့် မြောင်မြောင်သည်ပါလာသည့် မုန့်များထုတ်စားသည်။
ထို့ပြင် ချင်းယွီဆီမှ ကြက်တောင်ပံကြော်ကိုပါ ယူစားလိုက်သေးသည်။
 
ထို့နောက်ကလေးများ ရေကန်ထဲမှအလှမွေးငါးများကို ဖမ်းကြသည်။ အချိန်အတော်ကြာမှ နှစ်ယောက်ပေါင်း ငါးလေးတစ်ကောင်ဖမ်းမိသည်။
 
ငါးလေးသည် သေတ္တာအသေးထဲတွင် လှည့်လည်ကူးနေသောကြောင့် မြောင်မြောင်တစ်ယောက် နားမလည်နိုင်စွာ
“ပိန်းဥ ဒီငါးလေးကတုံးတယ်ထင်တယ် ဒီနားလေးပဲလှည့်ပတ်ကူးနေတယ်"
ဟု ပြောလိုက်သည်။
 
ချင်းယွီ : “သူ့မှာ ကူးစရာနေရာမရှိလို့နေမှာ”
 
မြောင်မြောင် : “အိမ်ပြန်ရောက်ရင် ငါသူ့ကို ငါးကန်အကျယ်ကြီးထဲမှာ ထားလိုက်မယ်”

ထို့နောက် ကလေးများ ချားရဟတ်စီးကြသည်။မြောင်မြောင်နှင့်ချင်းယွီလည်း အရမ်းပျော်ရွှင်နေကြသည်။ သို့သော် အကြာကြီးစီးလျှင် ခေါင်းမူးသဖြင့် နာရီဝက်ကြာပြီးနောက် အားလုံးအောက်သို့ဆင်းလာကြသည်။
ထိုအခါ မြောင်မြောင်တစ်ယောက် မထင်မှတ်ထားသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
(ဆက်ရန်)

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now