Chapter 19

1.4K 148 0
                                    

Chapter - 19
 
အခန်းထဲသို့ရောက်သောအခါ မြောင်မြောင်သည်နှစ်မျက်နှာခန့်ရှိသော အိမ်စာများကိုရေးရန်ပြင်ဆင်လိုက်သည်။ သို့သော် ချင်းယွီက စာမလုပ်သေးပဲ အရင်မေးလိုက်သည်။ 
“မြောင်မြောင် ရှုံသာ့နဲ့ရှုံအယ်ကရော ချောလား?”
 
မြောင်မြောင် ဖျတ်ခနဲမော့ကြည့်ကာ
"ဟင် ချောတာပေါ့” 
ဟု ပြန်ဖြေလိုက်သည်။
ချင်းယွီ (မျက်နှာငယ်လေးနှင့်) : “ဒါဆိုလည်း ခဏစောင့်နော် ငါသူတို့လိုပိန်အောင်လုပ်လိုက်ဦးမယ်”
 
မြောင်မြောင် : “ဟာ နင်ကလဲ မြန်မြန်ဝိတ်ကျရင်ကျန်းမာရေးမကောင်းပဲနေမှာပေါ့ နင်ကဖြေးဖြေးလေးပဲ ဝိတ်ချရမှာလေ”
မြောင်မြောင်သည် system မမပြောသော စကားကြောင့် ချင်းယွီကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
 
ချင်းယွီ : “ဒါပေမဲ့ နင်ပြောတော့ ရှုံသာ့နဲ့ရှုံအယ်ကချောတယ်ဆို”
 
မြောင်မြောင် : “ဟုတ်တယ်လေ ဒါပေမဲ့ သူတို့ကချစ်စရာမကောင်းဘူး”
 
“နင်က အသားလုံးလုံးလေးနဲ့ချစ်စရာကောင်းတယ်လေ ငါလည်း အဲ့လိုပဲချစ်စရာကောင်းတယ်”
 
“ငါ့ကိုဆို ဆွေမျိုးတွေက ချစ်စရာလေးဆိုပြီးအရမ်းချစ်ကြတာဟ”
 
ချင်းယွီ : “ငါက တကယ်ချစ်ဖို့ကောင်းတာလား??”
 
မြောင်မြောင် : “အင်းပေါ့”
ထိုစကားကိုကြားသော် ချင်းယွီ ဝမ်းသာမိသည်။ ဒီလောကတွင် သူ့မိဘတွေမှလွဲ၍ မည်သူမှသူ့အား ချစ်ဖို့ကောင်းသည်ဟု မချီးကျူးဖူးပေ။
 
မြောင်မြောင်က တကယ့်နတ်သမီးလေးပဲ!!!
 
ချင်းယွီ : “မြောင်မြောင် အိမ်စာလုပ်ပြီးရင် ငါကလေ့ကျင့်ခန်းလုပ်မယ် နင်ကတော့မလုပ်နဲ့နော် နင်လည်းဝိတ်ကျသွားသလိုပဲ”
မြောင်မြောင်သည် သူမပါးပေါ်ရှိ အသားစိုင်လေးများအား အလန့်တကြားစမ်းကြည့်ပြီးမှ 
“တော်ပါသေးရဲ့” 
ဟု သက်ပြင်းချနိုင်သည်။
ချင်းယွီ : “စိတ်မပူပါနဲ့ နင် နေ့လယ်စာများများစားလေ ငါ့အဖေက ဟင်းချက်ကောင်းတယ်”
 
မြောင်မြောင် : “ဟင် တကယ်လား???”
 
ထို့နောက် သူမတို့ နေ့လယ်စာ စားကြသည်။ ချင်းယီဖုန်းသည် သားဖြစ်သူမှ အတင်းဆွဲခေါ်ထားသောကြောင့် အိမ်မှာနေကာဟင်းချက်နေခြင်းဖြစ်သည်။ မြောင်မြောင်၏အကြိုက်များဖြစ်သော
ကြက်တောင်ပံကြော်စပ်စပ်လေးနှင့်တခြားအရာများကို ဖွယ်ဖွယ်ရာရာပြင်ဆင်ထားသော ထမင်းစားပွဲအားမြောင်မြောင်မြင်သောအခါ အံ့ဩသွားသည်။
 
“ဦးလေး အစားအစာအတွက် ကျေးဇူးတင်ပါတယ်”ဟင်းပွဲများမြည်းကြည့်သောအခါ အရသာမှာ ထူးကဲကောင်းမွန်လှသဖြင့် မြောင်မြောင်သည် ချင်းယွီ ၏ဖခင်အားလေးစားနေတော့သည်။
 
ချင်းယွီ : “ငါ့အဖေချက်ထားတာ စားကောင်းရဲ့လား?”
 
မြောင်မြောင် : “အင်း အရမ်းစားကောင်းတယ် ငါနင့်ကိုအားကျလိုက်တာ နင့်အဖေကရုပ်လဲချောတယ် ဟင်းချက်လဲတော်တယ် တကယ့်ယောကျ်ားကောင်းပဲ”
ထိုစကားကိုကြားသော် ဘာကြောင့်မှန်း
မသိ ချင်းယွီ မပျော်မရွှင်ဖြစ်မိသွားသည်။
 
ညနေခင်း မြောင်မြောင် ပြန်သွားချိန်တွင်ချင်းယွီက ဖခင်အား 
“အဖေ သား ဟင်းချက်သင်ချင်တယ်” ဟု ပူဆာတော့သည်။
 
ချင်းယွီဖုန်း : “........”
ယွီဖုန်းသည် ရုတ်တရက် သူ့သား ၏တောင်းဆိုချက်အား အံ့ဩသွားသော်လည်း ဟင်းချက်ပညာသည် ယောက်ျားလေးများအဖို့အထောက်အကူပြုကြောင်း သူသိသည်။ သူ့ဇနီးကိုပင် ဤကဲ့သို့ ဟင်းကောင်းများချက်ကျွေးပြီး အပိုင်သိမ်းနိုင်ခဲ့တာ မဟုတ်လား??
“သင်ပေးမှာပေါ့ သားရဲ့ ဒါပေမဲ့ သားကငယ်သေးတယ် အရွယ်ရောက်ရင်သင်ပေးမယ်” 
ထမင်းစားနေကြသည်။ မြောင်မြောင်သည်ထမင်းစားနေစဉ် ဖခင်ဖြစ်သူအားတစိုက် မတ်မတ်ကြည့်နေသည်။ ထိုအခါ ဝိန်ဖုချိန် သတိထားမိသွားကာ ထမင်းစားပြီးနောက် ဧည့်ခန်းတွင် ထိုင်သောအခါ သမီးအား မေးတော့သည်။
 
“သမီးလည်း ဖေဖေချက်ကျွေးတာ စားချင်တယ်”
ဝိန်ဖုချိန် ဆွံ့အသွားသည်။ သူသည်ငယ်စဉ်ကတည်းက မီးဖိုချောင်နားယောင်လို့တောင် မသွားဖူးပေ။ စားချင်သည်များကို စားဖိုမှူးများကိုသာချက်ခိုင်းစမြဲပင်။
 
ဝိန်ဖုချိန် : “သမီးလေး ဖေဖေကဟင်းမချက်တတ်ဘူး သမီးလေးရဲ့”
 
မြောင်မြောင် : “ဖေဖေ မချက်တတ်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ စားမကောင်းရင်တောင် ဖေဖေချက်ကျွေးတာစားချင်တယ်”
ထိုစကားကိုကြားသောအခါ ဖူ့ရုံသည်ရုတ်တရက် ဝင်ပြောလိုက်သည်။
 
“ဒါဆို ခေါက်ဆွဲပြုတ်ပေးလိုက်လေ အသီးအရွက်ထည့်ချင်ရင်တောင် ဒီတိုင်းထည့်လိုက်ရုံပဲ”
 
ဝိန်ဖုချိန် : “အသင့်စားခေါက်ဆွဲကိုပြောတာလား??”
 
ဖူ့ရုံ : “ဟုတ်တယ်လေ”
 
ထိုအခါ ဝိန်ဖုချိန်သည် အနီးအနားရှိ one stop mart သို့သွားကာ အမဲရင်ပုံသားအရသာ၊ ပင်လယ်စာအရသာ၊ အမဲသားအရသာ စသည့် ခေါက်ဆွဲထုပ်၃ထုပ်အားဝယ်လာလိုက်သည်။ ထို့နောက် မီးဖိုချောင်တွင် ခေါက်ဆွဲပြုတ်စကေး ပြတော့သည်။ ပြုတ်ပြီးသောအခါ ဖူ့ရုံချက်ထားသည့် အမဲနံရိုးတစ်ချောင်းအားအပေါ်တွင် တင်ပေးလိုက်သည်။
 
ဝိန်ဖုချိန် : “မင်းသမီးလေးရေ စားလို့ရပါပြီ
ဗျာ”
မြောင်မြောင်သည် အစပ်မစားနိုင်သောကြောင့် ပင်လယ်စာအရသာ ခေါက်ဆွဲပြုတ်ပြင်ဆင်ပေးထားသည်။ မြောင်မြောင်စား ကြည့်သောအခါ အရသာအရမ်းကောင်းနေသည်ကို သိလိုက်ရသည်။
“ဝါး !!!!!! ဖေဖေချက်ထားတဲ့ခေါက်ဆွဲပြုတ်က စားလို့ကောင်းလိုက်တာ”
 
“ဖေဖေက တကယ်တော်တာပဲ!!”
ထို့နောက် သူမသည် ipad ကို ပြေးယူကာ ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် မိသားစု wechat
တွင်သာမက ချင်းယွီ ဆီကိုသာ ထိုပုံနှင့်တကွ “ဖေဖေချက်ကျွေးတာ” ဟုသော စာကိုပါ တွဲပို့လိုက်သည်။ ချင်းယွီသည် တရုတ်စာဖတ်ရာတွင်အားနည်းသောကြောင့်မိခင်ဖြစ်သူအားအပြေးသွားဖတ်ခိုင်းရသည်။ နောက်မှ စာပြန်ပို့ရသည်။
“မြောင်မြောင်အဖေက တော်လိုက်တာ ငါလည်းတနေ့အဲ့လိုဖြစ်အောင်လုပ်မယ် သိလား??”
မိသားစု wechat ရှိ ဝိန်ဖန့်ချူးကမူ အလွန်အမင်းထူးဆန်းနေသည်။
 
ငါ့အကိုက ဒီလိုလည်းရတာပဲလား??????
 
သခင်မကြီးဝိန်တစ်ယောက်တည်းကသာ သူ့သားကြီး သည်လောက်အဖြစ်မရှိသည်ကို သိထားခြင်းဖြစ်သည်။ ထို့နောက် မြောင်မြောင်သည် အားမရသေးပဲ wechatတွင် ပို့စ်တင်ရန် ဆုံးဖြတ်လိုက်
သည်။
 
“မေမေ သမီးကိုဒီပုံလေး wechat မှာပို့စ်တင်ပေးနော်”
 
ဖူ့ရုံ : “ဒါဆိုမေမေ့သမီးလေးက ဘယ်လိုရေးတင်ချင်တာလဲပြောပါဦး”
 
“ဖေဖေချက်ကျွေးတဲ့ခေါက်ဆွဲက ကမ္ဘာပေါ်မှာအရသာအရှိဆုံးပဲ ဖေဖေ့ကိုအရမ်းချစ်တယ်….”
 
“အဲ့လိုရေးပေးနော် မေမေ”
 
ထိုစကားကြောင့် ဝိန်ဖုချိန်သည် မြောင်မြောင့်သူငယ်ချင်းများ ၏မိဘများ မမြင်ကြပါစေနဲ့
ဟုဆုတောင်းလိုက်သည်။ ဖူ့ရုံမှာမူ သမီးလေး ၏ချစ်ခင်ခြင်းရရန် နောက်နေ့တွင် သူလည်းခေါက်ဆွဲပြုတ်ပေးလိုက်ရမလားဟု စဉ်းစားနေသည်။ တနင်္လာနေ့မနက်တွင် မြောင်မြောင်သည်
ချင်းယွီ့အား ကျန်းမာရေးရာခိုင်နှုန်း80အထိရောက်အောင်ပေးနိုင်ခဲ့ပြီ။ ယခုဆိုလျှင် ချင်းယွီတွင် ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာရနေပြီဖြစ်သည်။
မြောင်မြောင်တို့ အကအတန်းမတက်ပဲလေ့ကျင့်ခန်းလုပ်နေသောကြောင့်ရှုံသာ့ ရှုံအယ်တို့ မြောင်မြောင့်ဆီသို့ ပြေးလာကြသည်။
 
“ကူးကူး တကယ်ပဲ ဦးလေးက ကူးကူးကို ဟင်းချက်ကျွေးတာလား?”
 
မြောင်မြောင် : “ဟုတ်တယ် ပြီးတော့ ဖေဖေချက်ကျွေးတဲ့ခေါက်ဆွဲက အရမ်းအရသာရှိတာပဲ”
 
ရှုံ့သာ : “ဟုတ်လား သားလည်းစားချင်လိုက်တာ ညနေကျဖေဖေ့ကိုချက်ကျွေးခိုင်းရမယ်”
 
ရှုံ့အယ် : “ဒါပေမဲ့ ဖေဖေကအလုပ်မှမအားတာကွ”
 
မြောင်မြောင် : “အလုပ်များလဲ ချက်ကျွေးခိုင်းပေါ့ ငါ့အဖေလည်း အလုပ်များတာပဲလေ”
ထိုသို့ပြောနေချိန် ချင်းယွီကတော့ ကြိုးအဆက်မပြတ်ခုန်နေသည်။ ထိုအခါ ရှုံသာ့တို့နှစ်ယောက် ချင်းယွီပိန်ကျသွားသည်ကိုသတိထားမိကြသည်။ သူတို့မှာချင်းယွီကို အမြဲတွေ့နေရခြင်းမဟုတ်သောကြောင့်ပြောင်းလဲမှုကိုချက်ချင်းသတိထားမိခြင်းဖြစ်သည်။
 
“ချင်းယွီ ဒီနေ့အင်္ကျီအပါးလေးဝတ်လာတာလား??? ဘာလို့ဒီလောက်တောင် ပိန်နေရတာလဲ??”
 
ချင်းယွီသည် ပျော်ရွှင်စွာ 
“ဟီး ဟုတ်တယ် ငါဒီလအတွင်း လေးပေါင်တောင်ကျသွားတာ ဒါတွေအားလုံးကမြောင်မြောင့်ကြောင့်ပါ”
 
ရှုံ့အယ် : “ဒါဆို ကူးကူးတို့က အကထဲပါတော့မှာပေါ့”
 
ချင်းယွီ : “အဲ့လိုပါရအောင် ငါကြိုးကြိုးစားစားဝိတ်ချနေတာ”
 
မြောင်မြောင် : “အရမ်းမကြိုးစားပါနဲ့ဟာ ငါကအတန်းထဲကသူတွေနဲ့ကချင်တာမဟုတ်ဘူး နင်ဝိတ်ကျသွားရင်လည်း သက်သက်ပဲ ကကြရအောင်
ငါတို့နှစ်ယောက်တည်း”
 
ရှုံသာ့ : “ကူးကူး ငါတို့လည်း ကူးကူးနဲ့ကချင်တယ်”
 
မြောင်မြောင် : “ဒီအကက ကောင်လေးနဲ့ကောင်မလေး အကလေ နင်တို့ကချင်တယ်ဆိုရင် ကောင်မလေးအရင်ရှာရမှာ”
 
ရှုံအယ် : “ဒါဆို ကောင်မလေးလိုဝတ်ကမယ်လေ ဟိုတစ်ခါတုန်းကတောင် အကိုကြီးတစ်ယောက် စကတ်ဝတ်ထားပြီး ဆံပင်အရှည်ကြီးထားတာတွေ့လိုက်တယ်”
 
ရှုံသာ့ : “မဟုတ်ဘူးဟ သူကတရုတ်ရိုးရာဝတ်စုံဝတ်ထားတာ အောက်မှာဘောင်းဘီပါတယ်လေ”
 
ရှုံအယ် : “ဒါဆိုငါလည်း ဘောင်းဘီခံဝတ်မှာပေါ့ ဒါနဲ့ဆံပင်အရှည်ကျရော”
 
ချင်းယွီ : “ဆံပင်တုရှိတယ်လေ အဲ့တာ ကောက်စွပ်လိုက်လို့ရတယ်”
 
မြောင်မြောင် : “ဆံပင်တုဆိုတာဘာလဲဟင်?”
 
ချင်းယွီ : “ဆံပင်အရှည်ကြီးကိုခေါင်းမှာစွပ်ရတာလေးလေ”
ရှုံအယ် : “ဒါဆိုအဆင်ပြေသွားပြီပေါ့နော်” ထို့နောက် နှစ်ယောက်သား ပျော်ရွှင်စွာထွက်
သွားကြသည်။ ထိုအချိန်တွင် ချင်းယွီကမြောင်မြောင့်အားစကားစပြောလိုက်သည်။
 
ချင်းယွီ : “မြောင်မြောင် နင့်အဖေက တကယ်တော်တာပဲနော်”
 
မြောင်မြောင် : “တော်တာပေါ့ ဒါပေမဲ့ဖေဖေကမအားဘူးဟ နေ့တိုင်းငါတို့နဲ့အချိန်ကြာကြာမဖြုန်းနိုင်ဘူး”
 
ချင်းယွီ : “ငါ့အဖေလည်းအဲ့လိုပဲ ငါကတော့ငါ့အမေကိုပိုအားကျတယ် အမေဆိုရင်အိမ်မှာပဲ
နေပြီး အိမ်လေးတွေလိုက်ကြည့် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ ပိုက်ဆံတွေ အများကြီးရတယ်”
 
“ငါ့အဖေကလည်းအမြဲပြောတယ် သူကပိုက်ဆံပိုရှာနိုင်တယ်ဆိုပေမဲ့ အရမ်းပင်ပန်းရတယ် မေမေကတော့ မပင်မပန်းပိုက်ဆံရတယ်တဲ့”
 
မြောင်မြောင် : “ဟုတ်တယ် ငါ့အဖေလည်းအလုပ်အရမ်းပင်ပန်းတယ်”
 
“ငါတို့က ပိုက်ဆံမရှိဘူးလေဟာ”
 
ထိုစကားကိုကြားသော် ချင်းယွီရှုပ်ထွေးသွားသည်။သူတို့နေသည့်ရပ်ကွပ်သည် သာမန် လူချမ်းသာများပင် အနားမကပ်နိုင်သည့်အနေအထားမျိုးဖြစ်သည်။
 
“မြောင်မြောင် နင်တို့အိမ်ကချမ်းသာတယ်မဟုတ်ဘူးလား?”
 
မြောင်မြောင် : “မဟုတ်ပါဘူးဟာ မေမေကပြောတယ် ဖေဖေက အလုပ်လုပ်ပိုက်ဆံရှာရတာအရမ်းပင်ပန်းတယ်တဲ့”
 
“အရင်နှစ်ကဆိုငါ ယွမ် ၂၀ ပဲရတာ ဒီနှစ်မှ ငါမနည်းပူဆာလို့ ယွမ် ၅၀ ရတာဟ”
 
ချင်းယွီသည် မျက်တောင်လေးပုတ်ကလက်ပုတ်ကလက်ဖြင့် 
“မြောင်မြောင် ယွမ် ၅၀ကတော်တော်များတယ်ဟ ဘယ်သူမှအဲ့လောက်မရကြဘူး” ဟု ရိုးသားစွာပြောသည်။
 
မြောင်မြောင် : “ဟုတ်လို့လား? ရှုံသာ့ရော ရှုံအယ်ရော တစ်ရက်ကိုနှစ်ယောက်ပေါင်း ယွမ် ၅၀ ရတာပဲလေ”
 
ချင်းယွီ : “ငါလည်း တစ်နေ့ကို မုန့်ဖိုးယွမ် ၅၀ ရတာပဲ”
 
 
“ငါ့အရင်ကျောင်းတုန်းကဆို မုန့်ဖိုးလုံးဝမရတဲ့ကလေးတွေတောင် ရှိတယ်”
 
မြောင်မြောင် : “ဟုတ်လား သနားစရာကောင်းလိုက်တာနော်”
ချင်းယွီ : “နောက်ပြီး ငါတို့အိမ်နဲ့နင်တို့အိမ်ကပုံစံချင်းတူတူပဲလေ မေမေက ငါတို့အိမ်ကယွမ်သန်း ၃၀ တန်တယ်လို့ပြောတယ်ဟ နင်တို့အိမ်လဲ
အဲ့လောက်တန်ဖိုးရှိမှာပဲလေဒီတော့ နင်တို့အိမ်ကချမ်းသာတယ်လို့ပြောလို့ရတာပေါ့”
 
မြောင်မြောင် : “တစ် တစ်ဆယ် တစ်ရာ တစ်ထောင် တစ်သောင်း တစ်သိန်း တစ်သန်း ပြီးတော့ရော…..”
 
ချင်းယွီ : “ဆယ်သန်းရောက်သွားတာ..”
 
“နောက်ပြီးပိုက်ဆံမချမ်းသာတဲ့သူတွေက အိမ်အကူတွေအများကြီးမရှိဘူးလေ သိလား??”
 
မြောင်မြောင် ခေါင်းအနည်းငယ်ကိုက်ချင်သလိုဖြစ်လာသည်။ ထို့နောက် တက်ကြွစွာ ပြောလိုက်သည်။
 
“ငါသိပြီ ကြည့်ရတာ ငါတို့အိမ်ကပိုက်ဆံမရှိတာထက် ဒီကသူတွေက ပိုမရှိတာ ထင်တယ်နော်”
 
ချင်းယွီ (ကြောင်အစွာ) : “မြောင်မြောင်ရယ် ကျန်တဲ့သူတွေကချမ်းသာပြီး နင်တို့အိမ်က အရမ်းချမ်းသာတယ်လို့လဲ တွေးလို့ရတာပဲလေ”
 
(ဆက်ရန်)
 
 
 

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now